Chapter (1)

269 6 1
                                    

Haha- Hyung. အတွင်းရေးမှူးမလေး လာမှာနော်။ ဂရုစိုက်။ ဖုန်းချပြီ bye.

KJK- ဘာ? မိန်းကလေး? ငါ့ဒေါသကို.......

KJK ပြောလို့ပင် မဆုံးလိုက်၊ Haha ဖုန်းချ သွားသည်။

KJK [မိန်းမတွေက နားပူနားဆာလုပ်ပါတယ်။  ငါနဲ့ ဖြစ်မှာ မဟုတ်ပါဘူး။]

ထိုစဉ် တံခါးခေါက်လာသည်။

KJK- ဝင်ခဲ့ပါ။

CSI- မင်္ဂလာပါ။

KJK- နောက်ကျတယ်နော်။ ငါက အချိန်လေး စားတဲ့ လူ။ နောက်ကျတာမျိုးမကြိုက်လို့ နောက်ထပ်မလုပ်ပါနဲ့။

CSI [ဒီလူကတော့! အခုမှ အလုပ်စဆင်းတဲ့ သူကို]

CSI- ဒီမှာရှင့်! Ha Dong Hoon ဆိုတဲ့ လူက ကျွန်မကို ဒီအချိန်လာခိုင်းထားတာပါ။

KJK- ဘာ? Ha Dong Hoon? သူက ငါ့ကိုတော့ 10 နာရီလို့ပြောတာပါ။

CSI- ရှင့်ကို 10 နာရီလို့ပြောပေမယ့် ကျွန်မကိုတော့ 10 နာရီခွဲလို့ပြောတာပါ။

ကက်ကက်လန်အောင်ပြန်ရန်တွေ့သော ကောင်မလေးကို Jong Kook လန့်စပြုလာသည်။

KJK- အခုကစပြီး ငါကမင်းအလုပ်ရှင်ပဲ။ ငါပြောတာကိုနားထောင်။ လူလေးကြည့်တော့ ငါ့သမီးလောက်ရှိတယ်။

CSI- ဘယ်သူကရှင့်သမီးလဲ? ရှင်နဲ့ကျွန်မနဲ့ 12 နှစ်ပဲ ကွာတာပါနော်။ ရှင်က ရုပ်ရင့်နေလို့ နေမှာ။

KJK- ရှင်တဲ့လား?

CSI- မကြိုက်ဘူးလား? ဒါနဲ့ဘာခိုင်းဦးမှာလဲ?

KJK- မခိုင်းပါဘူး၊ သွားလို့ရပြီ။ ရှင်လို့ခေါ်တာ မကြိုက်ဘူး။

CSI- အဲ့ဒါဆိုအဲ့လိုပဲခေါ်တော့မယ်။

ပြောပြောဆိုဆိုနှင့် အခန်းထဲက လှည့်ထွက်သွားသော Seong Im ကို Jong Kook ခမျာ လန့်လန့်နှင့်ကြည့်နေရသည်။

KJK [ဒီကလေးမကိုတော့ အလုပ်မထုတ်ဘဲ နှိပ်စက်ဦးမယ်။]

CSI [ဒီလူကတော့ ကျက်သရေကို မရှိဘူး]

*****

KJK- Cheon Seong Im!

CSI- ရှင်?

KJK- အခုမှပဲ ယဉ်ယဉ်ကျေးကျေး ပြောတော့တယ်။

CSI- ဒီမှာ!

My little secretary Where stories live. Discover now