မနက်ခင်းနေရောင်ခြည်နှင့်အတူ Jihyo နိုးလာခဲ့သည်။ သူမရောက်နေတာကတော့ ကျယ်ပြန့်သော ရင်အုပ်ကြီးထဲမှာ။ Jihyo လှုပ်လိုက်သဖြင့် Jong Kook ပါ နိုးသွားသည်။
KJK- နိုးပြီလား ကလေးလေး။
JH- နိုးပြီ။ ဟင်.... ကလေးလေး?
KJK- ကလေးလေး။ မကြိုက်ဘူးလား။
JH- တစ်မျိုးကြီးပဲ။
KJK- မသိဘူး.... ကလေးလေးပဲ။ ကို့မျက်စိထဲမှာတော့ ကလေးလေးပဲ။ အသက်ကဖြင့် အခုမှ 20 လေ။
Jihyo က စူပုပ်ပုပ်လေးလုပ်ကာ မျက်လုံးပြန်မှိတ်လိုက်သည်။
"မွ"
KJK- Morning kiss ကလေးလေး။
JH- မသိဘူး.... ပြန်အိပ်တော့မယ်။
KJK- ဒီနေ့ ရုံးပိတ်တယ်လေ။
JH- ရုံးပိတ်လို့အိပ်တာပေါ့။
KJK- တကယ်မထဘူးပေါ့။
Jihyo ကမျက်လုံးမှိတ်ထားရင်းနှင့် ခေါင်းရမ်းပြသည်။
Jong Kook ကလည်း သူ့အားကြီးနှင့် Jihyo ခေါင်းလေးကိုချုပ်ကာ သူ့ရင်ခွင်ထဲ အတင်းထိုးထည့်ပြီး Jihyo ရုန်းမရအောင် ဖက်ထားလိုက်သေးသည်။
KJK- တစ်နေ့လုံး ဒီလိုနေရအောင်။
JH- လွှတ်နော်။ ဦးမှာ အင်္ကျီလည်းမပါဘူး။
KJK- မပါတော့ ဘာဖြစ်လဲ။ ဘယ်သူမှ လိုက်ကြည့်မနေဘူး။
JH- လွှတ်ပါတော့၊ Jihyo အိပ်ချင်နေပြီ။
KJK- ဒီလိုလည်း အိပ်လို့ရတာပဲ။
JH- ဟွန့်။
****
ပြန်အိပ်ပျော်သွားကြသော သူတို့နှစ်ယောက် Dong Hoon အော်သံကြားမှနိုးလာသည်။
HDH- HYUNG! ကျွန်တော် ပြန်ရောက်ပြီ။
ဘယ်ရောက်နေကြတာလဲဟ... 9 နာရီတောင်ခွဲနေပြီ။Jihyo နိုးလာပြီး Jong Kook ကို အတင်း နှိုးသည်။
JH- ထဦး...ထဦး။ Dong Hoon oppa ပြန်ရောက်ပြီထင်တယ်။
KJK- ပြန်ရောက်တော့ ဘာဖြစ်လဲ။
JH- Jihyo တို့ကို ရှာနေတယ်။
KJK- တွေ့လည်း တွေ့ပါစေတော့။ မလွှတ်ချင်တော့ဘူး။
HDH- Hyung ရေ! ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်!
YOU ARE READING
My little secretary
Fiksi Penggemar(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...