Dong Hoon ကမူးနေသဖြင့် အိမ်ရောက်တာနှင့်တန်းအိပ်သွားလေသည်။
Jihyo လည်း PJ လဲပြီး အိပ်သွားလေသည်။
Jong Kook ကတော့ Jihyo မျက်နှာလေးကိုကြည့်ရင်း Yoon Eun Hye နှင့်ဆက်ပြီးရင်ဆိုင်ရမည့် ကာလများကို တွေးကာပူနေလေသည်။
လုပ်ဖော်ကိုင်ဖက်ဖြစ်လာလျှင် ဘယ်လိုပဲမတွေ့ချင်မမြင်ချင်ဖြစ်နေပါစေ၊ အလုပ်ကြောင့်တွေ့ရတော့မည်မလား?Jong Kook သူမနဖူးလေးကို နမ်းလိုက်ပြီး
KJK- ချစ်တယ်နော် ချာတိတ်။
ထို့နောက် သူလည်း ဂျီဟို့ဘေးနားတွင်ဝင်လှဲလိုက်ပြီး၊ သူမခန္ဓာကိုယ်သေးသေးလေးကို ဖက်ထားသည်။
သူအခုလိုအပ်နေတာက သူမရဲ့နွေးထွေးတဲ့ ကိုယ်ငွေ့လေးပဲလေ။
သူမလေးကလည်း သူ့ရင်ခွင်ထဲကိုပိုတိုးဝင်ပြီး သက်သောင့်သက်သာဖြစ်အောင်နေလိုက်သည်။
ဒီလိုနှင့် နေ့တစ်နေ့လည်းအဆုံးသတ်ခဲ့ပြန်ပြီ။
သို့သော် တစ်ယောက်အနားမှာတစ်ယောက် ရှိနေသဖြင့် ပို၍လွယ်ကူနေသလိုပင်။*******************************************
တစ်မနက်၊ Jihyo နိုးလာတော့ ဘေးမှာ Jong Kook မရှိတာကို သူမသတိထားမိသည်။ မျက်လုံးလေးကလယ်ကလယ်နှင့် အခန်းကိုသေချာကြည့်လိုက်တော့မှ
ပူဖောင်းတွေနှင့်ပြည့်နှက်နေသော အခန်းလေး။အခန်းနံရံမှာ စာလုံးတွေလည်းကပ်ထားသေးသည်။
'Happy First Monthsary!'JH [ဟုတ်သားပဲ။ ဒီနေ့ငါနဲ့သူနဲ့ တစ်လပြည့်]
ထိုစဉ် Jong Kook အခန်းထဲသို့ ဝင်လာသည်။KJK- နိုးနေပြီလား?
Jong Kook ကကုတင်ပေါ်သို့တက်လာပြီး သူမဘေးတွင် ဝင်လှဲလေသည်။
သူမကပက်လက်ကလေးနှင့်၊ ဝမ်းလျားမှောက်ကာ လက်ခေါက်ထားသော Jong Kook ကိုမော့ကြည့်နေလေသည်။KJK- ဒီနေ့ကိုကိုတို့တွဲတာ တစ်လပြည့်ပြီနော် ကလေးလေး။
Jihyo ကခေါင်းလေးညိမ့်ပြသည်။
Jong Kook ကသူ့ဘောင်းဘီအိတ်ထဲမှ၊ တစ်စုံတစ်ခုကိုထုတ်လိုက်သည်။ကတ္တီပါဘူးလေးတစ်ဘူး။
ဘူးလေးကိုဖွင့်လိုက်တော့ လက်စွပ်လေးတစ်ကွင်း......
KJK- ကိုကိုက လက်ထပ်ခွင့်တောင်းရင် ငြင်းမှာလား?
JH- ငြင်းရင် စိတ်ဆိုးမှာလား?

YOU ARE READING
My little secretary
Fanfiction(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...