Chapter (16)

13 1 0
                                    

Jong Kook တစ်ယောက်တည်း မေးခွန်းထုတ်နေမိသည်။

KJK [သဘောတူထားတဲ့ သူဆိုတော့ Yoon Eun Hye ကို ပြောတာလား? သူက ဘယ်လိုသိသွားတာလဲ?]

Jong Kook စိတ်ပျက်လက်ပျက်နှင့် sofa ပေါ်ထိုင်ချလိုက်သည်။ Dong Hoon က ရောက်လာပြီး...

HDH- Hyung ဘယ်လိုဖြစ်လာတာလဲ? Jihyo ရော?

KJK- သူ့အဖေအိမ်မှာထားခဲ့တယ်။

HDH- NAE? ဘာဖြစ်လာကြတာလဲ?

KJK- Jihyo က အလုပ်ထွက်ချင်တယ်တဲ့။ ငါ့ကို မုန်းတယ်ပဲ အော်နေတယ်။

HDH- NAE?!

KJK- သူ့ကိုတော့ အကုန်လုံးက ဝိုင်းပြီး နားချကြတာပဲ။ သူ့မောင် အကြီးကလည်း၊ မနက်ဖြန်တစ်ရက် ခွင့်ပေးပါလို့ပြောတယ်။ သန်ဘက်ခါရုံးကိုလွှတ်ပါမယ်တဲ့။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားစေချင်လို့တဲ့။ အဲ့ကောင်လေးကလည်း ငါ့ကို သိပ်အမြင်မကြည်သလို။

HDH- သူက အစ်ကို့ကို ဘာလို့ မုန်းရတာတုန်း?

KJK- ငါ့ကို Yoon Eun Hye နဲ့ သဘောတူထားတာ သိသွားတယ်။

HDH- Yoon Eun Hye နဲ့က၊ အစ်ကို့မိဘတွေမဆုံးခင်ကလေ။ ဦးလေး Min Seok လည်း၊ အစ်ကို့မိဘတွေဆုံးသွားတော့ အစ်ကို့ ဆန္ဒက အဓိကဆို။ အဲ့ဒါရော မပြောခဲ့ဘူးလား?

KJK- ငါလည်း Jihyo က ငါ့ကို မုန်းတယ်ပဲ အော်နေတော့၊ ဒီတိုင်း ပြန်ထွက်လာခဲ့တာ။

HDH- Hyung ကတော့ ခက်ပြီ။ ဒါနဲ့ သူက ဘယ်လိုသိသွားတာလဲ?

KJK- အဲ့ဒါတော့ ငါလည်းမသိဘူး။ ဒီနေ့ နေ့လည် 3 နာရီလောက်က သူ အပြင်ထွက်သွားတယ်။ နာရီဝက်လောက်နေတော့၊ ပြန်လာတယ်။ ပြန်လာကတည်းက ထူးဆန်းနေတာ။

HDH- ကျွန်တော့် assistant Gary လည်း အဲ့အချိန်ထွက်သွားပြီး၊ အစ်ကိုပြောသလိုပဲ နာရီဝက်လောက်ကြာမှ ပြန်လာတာ။

KJK- ဟုတ်တယ်။ ငါလည်း Jihyo ဝင်လာတော့ Gary အရိပ်အယောင်တွေ့လိုက်တယ်။

HDH- Gary ကိုပဲ မေးကြည့်ကြမလား?

KJK- သူက ငါနဲ့ Yoon Eun Hye အကြောင်း ဘယ်လိုသိမှာလဲ?

HDH- သူသာ Jihyo နဲ့ ပါသွားတာဆိုရင်၊ Jihyo ဘယ်သူနဲ့ တွေ့လဲ သိမှာပေါ့။

My little secretary Where stories live. Discover now