KJK- လက်ထပ်မှာပါဆိုနေ။ ဘာလဲ.... မင်းက ကို့ကို အတည်မယူဘဲအပျော်ကြံတာလား။
JH- ဘာတွေလာပြောနေတာလဲ?
KJK- ချာတိတ်လေး ကို့ကို တကယ် ယူမှာမလားလို့။
JH- လက်ထပ်တာက အဲ့လောက်လွယ်လား။
KJK- ချာတိတ်နေရာမှာ တခြားသူဆိုရင်တော့ လွယ်မှာမဟုတ်ဘူး။ ချာတိတ်လေးကို ချစ်လွန်းလို့သာ ဒီလိုပြောနိုင်တာပေါ့။
JH- ပြီးမှ ကျွန်မတို့ မှားသွားရင်ရော။
KJK- မှားခဲ့ရင် ချာတိတ်ကို ချစ်မိတဲ့ ကိုပဲမှားမှာပါ။ ဒီလို ရုပ်ချောပြီး အလိုလိုက်တတ်တဲ့ ဦးလေးကြီးကို ရွေးချယ်ခဲ့တဲ့ ချာတိတ်က ဘယ်တော့မှ မမှားဘူး။
JH- နောက်ဆုံးတော့ သူ့ဘက်ပဲပါသွားတာပါလား။
KJK- မဟုတ်လို့လား။
JH- ဟွန့်။ စိတ်ကောက်မှာနော်။
Jihyo က sofa ပေါ်ထိုင်ချလိုက်ပြီး လက်ပိုက်ကာ စူပုပ်ပြလိုက်သည်။
Jong Kook ကလည်း အလျှော့မပေး။ Sofa ပေါ်တက်လာပြီး Jihyo ပေါင်ပေါ်တွင်ခေါင်းတင်ကာ လှဲလိုက်သည်။
Jihyo ကအံ့ဩတဲ့ အကြည့်နဲ့ကြည့်နေသော်လည်း Jihyo ရင်ခွင်သေးသေးလေးထဲသို့ အတင်းတိုးဝင်သည်။KJK- ဒီရင်ခွင်သေးသေးလေးထဲမှာပဲ တစ်သက်လုံး နေချင်တယ်။
JH- အာ.... ထပါတော့။ အလုပ်လုပ်ရဦးမယ်လေ။
KJK- ဒီနေ့တော့ မလုပ်ချင်တော့ဘူး။
JH- တနင်္လာနေ့ကျရင် CSI နဲ့ပူးပေါင်းမှာဆို။
KJK- အင်းလေ။ သူတို့က တခြား company တစ်ခုကိုလည်း ကမ်းလှမ်းထားတယ်ပြောတယ်။ Trio ဖြစ်လာမှာပေါ့။
JH- အဲ့ တခြား company ကရော?
KJK- ကိုလည်းမသိဘူး။ တနင်္လာနေ့ကျမှ သိရမှာ။
JH- Jihyo မေးပေးရမလား။
KJK- မမေးပါနဲ့။ အဲ့နေ့သိရမှာပဲကို။
JH- Trio မှာကလေ.... CSI ရယ်၊ Koala ရယ်၊ နောက်တစ်ခုရယ်ပေါ့နော်။
KJK- အင်းပေါ့။ ဘာလို့လဲ။
JH- Yuno များဖြစ်နိုင်မလား?
KJK- ဟင်?
JH- စိတ်ထဲထင်နေတာပါ။ သူတို့ဖြစ်နေရင်တော့ ဦးလေးကြီးသူ့ကို ကောင်းကောင်းဆက်ဆံရမယ်နော်။
YOU ARE READING
My little secretary
Fanfiction(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...