KJK- ဟဲ့အရှုပ်ထုပ်လေး! ထမင်းစားမယ်။
CSI- ဟုတ်ကဲ့။
KJK- ဟုတ်ကဲ့ တဲ့လား?
Jihyo ကသူ့ကို မျက်စောင်းထိုးလိုက်သည်။
KJK- မိန်းကလေးဖြစ်ပြီး ဘာလို့အဲ့လိုကြည့်ရ တာလဲ? ငါတောင် နင့်ကိုပြန်လန့်နေရတယ်။
Jihyo ကတော့ ထမင်းနှစ်ပန်းကန်လုံးနှင့် ဟင်း 3 ပွဲစာလောက်စားသည်။
KJK- နင်လူမှဟုတ်ရဲ့လား? လူလေးက လက်တောက်လောက်လေးနဲ့ စားလိုက်တာ သရဲစီးသလိုပဲ။
JH- ဒီမှာ! ရှင်ကလေ ယောက်ျားကြီးတန်မဲ့ စကားတော်တော်များပါလား။ အဒေါ်ကြီး ကျနေတာပဲ။
KJK- ဘာပြောတယ်!
HDH- Hyung ကလည်း ဟုတ်သားပဲ။ သူများ သူ့ဘာသူနေတာကို ဘာလို့အကုန် လိုက်ပြောနေတာလဲ?
KJK- မင်းအခု သူ့ဘက်ကပါနေတာလား?
JH- ဒီလူကတော့....တွေ့သမျှလူအကုန် ပတ်ရမ်းနေတော့တာပဲ။
KJK- YAH!
JH- WAE?!
Jihyo ၏ တန်ပြန်တိုက်စစ်ကြောင့် Jong Kook ငြိမ်ကျသွားသည်။ Dong Hoon ကတော့ ရယ်ချင်စိတ်ကိုသည်းခံလျက်။
HDH- Seong Im ah.
JH- Nae?
HDH- ပြီးရင် TV ကြည့်ရအောင်။ သရဲကား ကြိုက်လား?
JH- ဟုတ်ကဲ့။
HDH- ငါလည်းကြည့်ချင်နေတာ။ အဖော်မရှိလို့။
KJK- မင်းကကြောက်တတ်တယ်ပေါ့?
HDH- Hyung ရော ကြည့်ရဲလား?
KJK- ကြည့်ရဲတာပေါ့။
*****
ရုပ်ရှင်ပင် မစသေး။ Jihyo မုန့်ပန်းကန်မှာ တစ်ဝက်ကုန်နေပြီ။ Jihyo ကဘယ်ဘက်အစွန်ဆုံးတွင်ထိုင်၍ Jong Kook က အလယ်မှာထိုင်ကာ Dong Hoon က ညာဘက်အစွန်ဆုံးမှာထိုင်သည်။
ရုတ်တရက် jumpscare တစ်ခုကြောင့် Jihyo သည် Jong Kook လက်မောင်း ကိုဖက်ကာ သူ့ရင်ခွင်ထဲသို့ မျက်နှာ အပ်လိုက်သည်။
KJK- ကြောက်တတ်တယ်ပေါ့?
Jihyo မျက်နှာကြီးနီလာပြီး ရုပ်ရှင်ဆီကိုသာ မြန်မြန်အာရုံပြောင်းလိုက်သည်။
ရုပ်ရှင်ပြီးသွားချိန်တွင် Jong Kook ထမည် အလုပ်၊ တစ်စုံတစ်ခုကို သူ၏လက်မောင်းပေါ် တွင် ခံစားလိုက်ရသည်။ သူကြည့်လိုက်ချိန်တွင် အပူအပင်ကင်းကင်းအိပ်နေသော Jihyo ကို တွေ့လိုက်ရသည်။
KJK- Dong Hoon ah, သွားအိပ်တော့ လေ။ ငါသူ့ကို ပြန်ပို့လိုက်ဦးမယ်။
HDH- ဟုတ်။
Jong Kook က Jihyo ကို ပွေ့ချီ၍ အိပ်ခန်းထဲသို့ခေါ်သွားသည်။ ကုတင်ပေါ်တွင် သူမအား အသာအယာချပြီး စောင်ခြုံပေးလိုက်သည်။
KJK- ဒီနေ့မှတွေ့တာကို တော်တော် ပြဿနာ ရှာတဲ့ ကလေးမ။
Jihyo ကတော့ ဟောက်သံ တိုးတိုးလေး ထွက်နေသည်။ ထို့နောက် Jong Kook လည်း ကိုယ့်အခန်းထဲသို့ပြန်လာခဲ့လေသည်။
*****
မနက်နိုးလာသောအခါ Jihyo က သူအခန်းထဲဘယ်လိုရောက်လာသလဲ ဆိုတာကို ပြန်တွေးကြည့်နေသည်။
JH [သူငါ့ကိုပွေ့ပြီးခေါ်လာတာလား?]
KJK- Jihyo ah! နိုးပြီလား?
JH- ဟုတ် နိုးပြီ။
KJK- နိုးရင် အဆင်သင့်ပြင်တော့လေ။ ငါနဲ့ gym လိုက်ခဲ့။
JH- ရှင်? ကျွန်မနဲ့ gym က ဘာဆိုင်လို့လဲ?
KJK- ငါကလိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့။
JH- ဟုတ် ဟုတ်။
Jong Kook တစ်ယောက် သူ့ရဲ့ protein shake ကိုအရသာရှိရှိ သောက်နေသည်။
HDH- Hyung.
KJK- ဟေ။
HDH- Seong Im ကို ကြိုက်လား?
KJK- ဒီခွေးကောင်တော့။
HDH- ကြိုက်လား မကြိုက်ဘူးလားပဲ ပြောပါ။
KJK- မင်းရူးနေလား? သူနဲ့ငါနဲ့ မနေ့ကမှ သိတာကွ။ ဒါတောင် ကတောက်ကဆနဲ့။
HDH- Hyung ကို နိုင်တာ သူတစ်ယောက် ပဲရှိတယ်။ ပြီးတော့ Hyung သူ့ကို မနေ့ညက ကုတင်ပေါ် ပွေ့သွားတာလေ။ စောင်ခြုံပေးပြီး ပွစိပွစိတောင် ပြောနေလိုက်သေးတယ်။
KJK- YAH! သူကအိပ်ပျော်နေတာလေ။ အဲ့ဒါကြောင့်အိပ်ခန်းထဲပို့ပေးတာပါကွာ။ ဒါပါပဲ။
HDH- သူ့ အိမ်နာမည်လည်းခေါ်သေးတယ်။ နောက်ဆုံးတစ်ခုကတော့ သူ့ကို gym အထိ ခေါ်တာပဲ။
KJK- တိုးတိုးပြောစမ်းပါကွာ။
HDH- အစ်ကို ဘယ် secretary ကိုမှ gym မခေါ်ဖူးဘူး။ သူတို့အားလုံးက ယောကျာ်းလေးတွေ။ Seong Im ကျတော့ ခေါ်တယ်။ ဘာလို့လဲ? ထွက်ပြေးသွားမှာစိုးလို့ လား?
KJK- ဒီအတိုင်း ခေါ်ချင်လို့ပါ။
HDH- ကြိုက်ရင်လည်း မြန်မြန်ဖွင့်ပြောလိုက်။ သူများနောက်ပါသွားမှ ရင်ကျိုးနေရမယ်။
KJK- မင်းကတော့ကွာ......
*****
YOU ARE READING
My little secretary
Fanfic(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...