Chapter (4)

16 2 0
                                    

Jong Kook ရေချိုးပြီး ဧည့်ခန်းထဲထွက်အလာ၊ Jihyo ဖုန်းပြောနေသည်ကို နားစွန်နားဖျားကြားသွားခဲ့ သည်။

JH- Oppa? တကယ်သတိရနေတာ! ညီမအခု အိမ်ပေါ်ကဆင်းလာတာလေ။

KJK [Oppa? သူ့အစ်ကိုဆိုရင်တော့ သူအိမ်ပေါ်ကဆင်းလာတာသိမှာပေါ့။]

JH- ညီမကအခု အလုပ်လုပ်နေပြီ။ အလုပ်ရှင်က နည်းနည်းတော့ ခွကျတယ်။ ညီမထက် အသက်အများကြီး ကြီးတာ။ တွဲသွားရင် သားအဖ အတိုင်းပဲ။ အခုတော့ သူနဲ့ နေနေတာ။

KJK [ဒီကလေးမတော့! တခြားသူကို ငါ့မကောင်းကြောင်းတွေ သွားပြောနေတယ်]

Jihyo တစ်ယောက်ကတော့ Jong Kook ကိုမတွေ့ရှာ။

JH- ဟုတ်။ ညီမလည်း အရမ်းလွမ်းတယ်လို့။

KJK [လွမ်းတယ်? တကယ်ပဲ သူတို့ကဘယ် လိုပတ်သက်တာလဲ? ငါ ဘာလို့သူ့အကြောင်းကို သိချင်နေရတာလဲ? မအီမသာဖြစ်လာပြီ]

Jihyo ကဖုန်းချသွားတော့မှ Jong Kook ကဝင်လာသည်။

KJK- ဘယ်သူလဲ?

JH- ဘာဖြစ်လို့လိုက်သိချင်ရတာလဲ?

KJK- ငါ့မကောင်းကြောင်းတွေပြောတယ်လေ။

Jihyo ခမျာ ပြူးတူးကြောင်တောင်လေးဖြစ် သွားရသည်။

JH [ဒုက္ခပဲ! ကြားသွားပြီ။]

JH- မဟုတ်လို့လား?

KJK- ဒီကလေးမကတော့!

Jihyo ရှေ့သို့ကုန်းပြီး ခြောက်လိုက်ရာ Jihyo ခမျာ လန့်ပြီးတုန်တက်သွားသည်။

KJK- လန့်တတ်တယ်ပေါ့?

JH- လူကို လန့်အောင်လုပ်တာကိုး။

Jihyo က စူပုပ်ပြလိုက်သည်။

KJK- အဲ့လိုကြီးမလုပ်စမ်းပါနဲ့! လူကိုလန့်အောင်။

JH- လန့်တတ်တယ်ပေါ့? ဘာလို့လန့်တာလဲ?

KJK- ဟို...ဟိုဟာ....ရုပ်ဆိုးလို့!

JH- ဒီဦးလေးကြီးကတော့!

KJK- လာပြန်ပြီလား? ဒါနဲ့ မင်းအိမ်က မင်းဒီမှာဆိုတာသိလား?

JH- အဖေကတော့မသိဘူး။ အစ်ကိုနဲ့ မောင်တွေကတော့သိတယ်လေ။

KJK- ခုနကတစ်ယောက်ကရော?

My little secretary Where stories live. Discover now