Jihyo တစ်ယောက် အိပ်ငိုက်နေဆဲပါ။
KJK- ချာတိတ်! အိပ်ငိုက်နေတာလား?
Jihyo ကအလန့်တကြားနိုးလာပြီး
JH- ရုံးချိန်မှာ ချာတိတ်လို့ မခေါ်ပါနဲ့။
KJK- အလုပ်ရှင်ကိုတောင် ပြန်ဟောက်နေပါ့လား?
Jong Kook ကတော့ ပြုံးရယ်လျက်သာ။
*****
JW- ဒီဓာတ်ပုံတွေကို အခုပဲရိုက်ခဲ့တာပါ။
Eun Hye က ဓာတ်ပုံတွေကို ကြည့်လိုက်ပြီး ငွေသား ဝမ် ၅ သိန်း ထုတ်ပေးလိုက်သည်။
YEH- တာဝန်ကျေပါတယ်။
YEH [Oppa ကိုချစ်လို့လုပ်ခဲ့တာမလို့၊ ခွင့်လွှတ်ပေးပါ]
****
Jong Kook အလုပ်ထဲ စိတ်နှစ်ထားသဖြင့် ထမင်းစားချိန်ရောက်မှန်းမသိရောက်သွားသည်။
(အလုပ်ထဲစိတ်နှစ်နိုင်တာပေါ့။ ဘေးနားမှာ ကိုယ်ချစ်တဲ့သူကို ထားထားတာကိုး)JH- CEO ထမင်းသွားစားမယ်လေ။
KJK- လာပြီ။
Jihyo နှင့် Canteen ဘက်သို့ ထွက်လာခဲ့သည်။ ထမင်းစားရတော့မှာမလို့ တက်ကြွနေသည့် Jihyo သည် ကလေးတစ်ဦးနှင့်ပင် တူလွန်းလှသည်။
JH- Gary oppa!
Gary- Jihyo ah!
Jong Kook ကတော့ သဝန်တိုမြဲ၊ Dong Hoon ကလည်း ကြိတ်ရယ်မြဲ။
JH- Oppa သိလား? မနက်က Jae Suk oppa လာသွားတာ။
Gary- ဘယ်ကိုလာတာလဲ?
JH- အိမ်ကို။
Gary- သူတို့သိသွားပြီလား?
JH- ဟုတ်တယ်။
Gary- Jihyo ရော အိမ်ပြန်မလာသေးဘူးလား။
JH- စာချုပ်အတိုင်းဆိုရင် Jihyo က ဒီလူ့ခွစာနဲ့ နေရမှာလေ။
Jihyo က မျက်နှာချင်းဆိုင် ထိုင်နေသော Jong Kook ကို မျက်စောင်းလေးပစ်ပြီး ပြောသည်။
KJK- ခေါ်ပြန်ပြီ!
အပြင်ပန်းမှာ ဟောက်လိုက်သော်လည်း၊ စိတ်ထဲမှာတော့ Jong Kook တစ်ယောက် ပြုံးနေပါသည်။
KJK [မျက်စောင်းပစ်တာလေးကိုက၊ တကယ့်ကလေးပဲ]
****

YOU ARE READING
My little secretary
Hayran Kurgu(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...