Chapter (28)

10 1 0
                                    

YEH [Jong Kook oppa ငါ့ကို တကယ်ပဲမုန်းသွားပြီလား? ငါ့ဆုံးဖြတ်ချက်တွေ တကယ်ပဲ မှားယွင်းခဲ့ပြီလား? မဟုတ်လောက်ပါဘူး။ ငါဘယ်တုန်းကမှားဖူးလို့လဲ? မဟုတ်ဘူး]

Eun Hye တစ်ယောက် Jong Kook အပေါ် စိတ်မကုန်နိုင်သေး။

YEH [မဟုတ်ဘူး။ ငါ oppa ကို ရအောင်ပြန်ယူရမယ်။ သူတို့နှစ်ယောက်ကို ခွဲပစ်ရမယ်]

****

Jong Kook ရင်ခွင်ထဲတွင်နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော Jihyo ကို Jong Kook တစ်ယောက် အသဲယားစွာနမ်းလိုက်သည်။

"အွန်း...."

နဖူးပေါ်က အထိအတွေ့ကြောင့် Jihyo လည်းမျက်လုံးလေးပွတ်ကာ နိုးလာသည်။

KJK- နိုးသွားလား ကလေးလေး။

JH- ဘယ်နှနာရီထိုးပြီလဲ?

KJK- 4 နာရီခွဲ။ အိပ်ချင်ရင် ထပ်အိပ်လေ။ ထမင်းစားခါနီး လာနှိုးမယ်။

JH- Jihyo နဲ့မနေတော့ဘူးလား?

သူ့ရင်ခွင်ထဲမှာပဲ အတင်းတိုးဝင်နေသော သူမကို သူမငြင်းဆန်နိုင်တော့ပါ။
(ချစ်တော့လည်း အလျှော့ပေးရတာပေါ့ 😁)

KJK- ချစ်တယ်နော် ကလေးလေး။

JH- တကယ်လား?

Jong Kook က သူမပါးပေါ်သို့ အနမ်းလေးတစ်ပွင့်ထပ်ပေးလိုက်သည်။
သူမလေးကတော့ ရှက်သွေးဖြာလျက်။

JH- တော်ပြီ ထတော့မယ်။ အိမ်မှာလည်း ထမင်းမစားတော့ဘူး။

Jihyo ထထိုင်လိုက်တော့ Jong Kook ပါ လိုက်ထသည်။

KJK- ဘယ်သွားမလို့လဲ။

JH- Bar.

KJK- ဘာ?!

Jihyo ကနားကို လက်နှစ်ဖက်လုံးနှင့် အုပ်လိုက်ပြီး

JH- ဖြည်းဖြည်းပြောပါ။

KJK- Bar သွားမယ်လို့ပြောလိုက်တာလား။

Jihyo က လက်နှစ်ဖက်ကို ချလိုက်ပြီး

JH- ဟုတ်တယ်လေ။ အခုတလော စိတ်ညစ်စရာတွေချည်းပဲကို။

KJK- အဲ့လောက် အန္တရာယ်များတဲ့နေရာကို ဘာသွားလုပ်မှာလဲ?

JH- သွားသောက်မယ်လေ။

KJK- မင်းက? အသက်ကဖြင့် 20 ကို၊ အရက်ကသောက်ဦးမယ်? အရင်ကရော ဒီလိုပဲလား?

My little secretary Where stories live. Discover now