Chapter (9)

14 1 0
                                    

KJK- ကိုယ့်ချစ်သူလေးကိုနမ်းတာဘဲ။

JH- ဘယ်သူက ရှင့်ချစ်သူလဲ?

KJK- မင်းလေ။ ချစ်သူဆိုတာ ချစ်တဲ့သူကို ပြောတာလေ။

JH- ဒါပေမယ့် ချစ်သူဆိုတာက ကိုယ်နဲ့တွဲနေတော့မှ ပြောလို့ရတာလေ။

KJK- ချစ်တဲ့သူမလို့ ချစ်သူလို့ပြောတာလေ။

JH- ဦးလေးကြီး!

Jong Kook က Jihyo ကို နမ်းရန်ပြင်လိုက်သော်လည်း Jihyo က "မီးပွိုင့်စိမ်းပြီ!" ဟုအော်လိုက်သောကြောင့် Jong Kook မချိတင်ကဲ ဖြစ်ကာ ဆက်မောင်းသွားရသည်။

Jihyo ကတော့ အောင်မြင်သူကြီးတစ်ယောက်လို ပြုံးလျက်။

KJK- တော်တော်ပျော်နေတယ်ပေါ့။ မင်းတော့ အိမ်ရောက်ရင်.....

JH- မကြောက်ဘူး။

KJK- တွေ့မယ် တွေ့မယ်။

*****

HDH- Hyung တို့ဘယ်သွားနေတာလဲ?
ကျွန်တော် ရုံးခန်းထဲမှာတောင်လာရှာသေးတယ်။

KJK- ဘာကိစ္စရှိလို့လဲ?

HDH- Eun Hye ကျွန်တော့ဆီ ဖုန်းဆက်တယ်။ အစ်ကို့ကို ကောင်မလေး တစ်ယောက်နဲ့တွေ့တယ်တဲ့။

JH- သူကဘယ်သူလဲ?

HDH- အစ်ကို Jihyo ကို နမ်းလိုက်တာ တွေ့သွားတယ်။

JH- ရှင်?

KJK- သူက?

HDH- အဲ့ဒါကြောင့် အစ်ကိုတို့ ဘယ်သွားနေကြတာလဲလို့? လက်ထဲမှာလည်း အထုပ်နဲ့။

KJK- Jihyo ရုံးခန်းထဲမှာ အိပ်လို့ရအောင် ခေါင်းအုံးသွားဝယ်ပေးတာ။ ဘာဖြစ်လို့လဲ။

HDH- Ohhhh.... ဂရုစိုက်တတ်လှချည်လား? တွဲနေကြပြီလား?

JH- အာ...အဲ့ဒါက....

KJK- လုပ်စရာရှိတာသွားလုပ်တော့။

HDH- အဲ့ဒါဆိုရင် သွားတော့မယ်နော် hyung. သွားပြီ hyungsu nim ရေ။
(Hyungsu nim = မရီး)

Dong Hoon တစ်ယောက် ရယ်မောရင်းနဲ့ ထွက်သွားလေသည်။

KJK- Dong Hoon ကတောင် အသိအမှတ်ပြုနေတာနော် ကလေးမလေး။

JH- အဲ့ဒီ Eun Hye ဆိုတာ ဘယ်သူလဲဟင်?

KJK- သူ့နာမည်က Yoon Eun Hye တဲ့။
သူ့အဖေက Yuno company ရဲ့ CEO.
နောက်ပြောစရာရှိသေးတယ်။ စိတ်တော့မဆိုးသွားနဲ့နော်။

My little secretary Where stories live. Discover now