Dong Hoon က သူ့ကားနှင့် ပြန်ပြီး Jong Kook နှင့် Jihyo တို့က တစ်စီးပြန်သည်။
KJK- အဲ့တော့ ညကျရင်......
JH- ညကျရင် ဘာဖြစ်လဲ?
KJK- ကိုနဲ့ လာအိပ်မလား။
Jihyo က Jong Kook လက်မောင်းကို တစ်ချက်ထိုးလိုက်သည်။
JH- ဦးလေးကြီးနော်.....
KJK- ငါ မင်းထက် အသက် 12 နှစ်ပဲ ကြီးတာပါ။ မင်း အစ်ကိုထက်တောင် ငယ်သေးတယ်။ ဦးလေးကြီးတဲ့လား။
JH- ကျွန်မ မျက်စိထဲမှာတော့ ဦးလေးကြီးပဲ။
KJK- ဒါနဲ့ Dong Hoon ကို ဘယ်တော့ ပြောကြမလဲ။
JH- ချက်ချင်းကြီးမပြောရဲဘူး။
KJK- ဟုတ်တယ်။ သူက တစ်ချိန်လုံး လိုက်စနေတော့မှာ။
JH- အဲ့လိုစတာလေးကလည်း ချစ်စရာကောင်းပါတယ်။
KJK- သဝန်တိုလာပြီနော်။
JH- ဘာလို့လဲ။ သူက ဦးညီနော်။
KJK- ဘာလို့ ချစ်စရာလေးလို့ ပြောတာလဲ။
JH- အော်...မဟုတ်ပါဘူး။ သူက လိုက်စနေရင် ချစ်စရာလေးလို့။
KJK- ကိုယ့်ညီကိုတောင် အမြင်ကတ်လာပြီ။
JH- ဦးလေးကြီးကတကယ် မရင့်ကျက်တာဘဲ။
KJK- မရင့်ကျက်ဘူးပေါ့။ ရင့်ကျက်တဲ့သူတွေ ဘာလုပ်တတ်လဲ ပြရမလား။
JH- အား....အာ.... မပြပါနဲ့။ Mianhe.
****
KJK- Dong Hoon မရောက်သေးဘူး ထင်တယ်။ သူ့သူငယ်ချင်းအိမ်သွားမယ်လို့ ပြောတယ်။
JH- ဘယ်တော့ပြန်လာမှာတဲ့လဲ။
KJK- သူဖုန်းဆက်လိမ့်မယ်။
Jihyo ခေါင်းညိမ့်ပြပြီး အခန်းထဲဝင်သွားသည်။ Jong Kook လည်း ရေချိုးရန် အခန်းထဲဝင်သွားသည်။
JH [ငါအခု တကယ်ပဲ သူနဲ့တွဲနေပြီလား။ သူကရော ငါ့ကို တကယ်ချစ်တာလား]
KJK [ငါအခု ချာတိတ်ရဲ့ ချစ်သူဖြစ်သွားပြီလား။ ချာတိတ်က ငါ့ကို ကစားနေတာဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ဟို Gary ဆိုတဲ့ တစ်ယောက်ကလည်း ကြားဝင်လာဦးမယ်ထင်တယ်]
YOU ARE READING
My little secretary
Fanfic(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...