Chapter (26)

13 1 0
                                        

KJK- ထကြမယ် Jihyo ah.

JH- ထပ်နေချင်သေးတာကို.....

KJK- နေ့လည်ကျမှ ထပ်နေကြမယ်လေကွာ။

JH- ဟုတ်။

နှစ်ယောက်သား ကိုယ်စီကိုယ်စီပြင်ဆင်ပြီးမှ gym သို့ဦးတည်လိုက်ရသည်။ Jihyo က ဒီနေ့မှ ချစ်စရာကောင်းအောင်ပြင်လာသည်။ Jong Kook မှာကားမောင်းရင်း သူမကို လှည့်ကြည့်ရတာအမော။

JH- ကားကိုပဲ အာရုံစိုက်မောင်းပါ။

KJK- မင်းကဘေးမှာထိုင်နေတာကို ဘယ်လိုအာရုံစိုက်နိုင်တော့မလဲ။

"မွ"

Jong Kook ပါးပေါ်သို့ Jihyo အနမ်းတစ်ချက် ကျရောက်သွားသည်။

KJK- ဒီနေ့ထူးဆန်းနေတယ်နော်။

JH- မကြိုက်ဘူးလား။ မကြိုက်ရင်မလုပ်တော့ပါဘူး။

Jihyo ခေါင်းလေးငိုက်ကျသွားသည်ကို မြင်တော့ Jong Kook က သူမပါးလေးကို ဆွဲပြီး၊ ခေါင်းလေးပြန်မတ်ပေးလိုက်သည်။

KJK- အဲ့လိုမပြောပါဘူး ကလေးမရဲ့။ မင်းကို gym တောင်မခေါ်ချင်တော့ဘူး။ ဟိုမှာ တခြားယောက်ျားတွေကဝိုင်းကြည့်မှာစိုးလို့။

JH- မျက်လုံးပါတာ ကြည့်ဖို့ပဲလေ။

KJK- မင်းကိုကြည့်တာတော့ မကြိုက်ပါဘူး။ ယောက်ျားတွေအကြောင်း ယောက်ျားတွေပဲသိတယ်။

****

Gym ရောက်တာနှင့် Jihyo မှာ Jong Kook အလေးမတာကိုပဲ ထိုင်ကြည့်နေရသဖြင့် ပျင်းလာသလိုလို၊ အိပ်ပဲအိပ်ငိုက်လာသလိုလို ဖြစ်လာသည်။

JH- Jihyo သန့်စင်ခန်း သွားလိုက်ဦးမယ်နော်။

KJK- အင်း။

Restroom ထဲမှာ လက်ဆေးပြီး ပြန်ထွက်လာတော့  ကြမ်းပြင်ကချောပြီး Jihyo ပက်လက်လန်မလိုဖြစ်သွားသည်။

"အာ့...."

"အဆင်ပြေရဲ့လား?"

ရုတ်တရက် လှမ်းဆွဲလိုက်တဲ့လူကြောင့် Jihyo ချော်မလဲသော်လည်း ထိုလူရဲ့ လက်တွေပေါ်သို့ ကိုယ်ကကျသွားသည်။ မတ်တပ်ရပ်ပြီးမှ ထိုလူ့ကို သေချာ ကြည့်လိုက်တော့

JH- ကျေးဇူးတင်ပါတယ်။

"ရပါတယ်။ ထိခိုက်မိသွားတာမရှိဘူးမလား?"

My little secretary Where stories live. Discover now