Jong Kook ကားကို အိမ်ရှေ့တွင်သာ ထိုးရပ်လိုက်ပြီး အိမ်ထဲသို့ပြေးဝင်သွားသည်။
ဧည့်ခန်းထဲသို့ရောက်သည်နှင့် အပူအပင်ကင်းကင်းနှင့် အိပ်ပျော်နေသော Jihyo အား Jong Kook တွေ့လိုက်ရသည်။ ဘောလုံးပွဲလိုင်းကတော့ ပွင့်လျက်သား။KJK [ဒီကလေးကတော့လေ။ ဘောလုံးပွဲလည်း ကြည့်တာပဲလား?]
Jong Kook တွေးရင်းနဲ့ပင် TV ပိတ်လိုက်သည်။ ပြီးမှ Jihyo ဘက်ကိုလှည့်ပြီး သူမကို ပွေ့ချီကာ အိပ်ခန်းဘက်သို့ လျှောက်လာခဲ့သည်။
HDH- Hyung! ပြန်လာပြီလား? စောတယ်နော်။ အယ်....သူက....
KJK- မင်းကဘယ်သွားနေတာလဲ?
HDH- ဘောလုံးပွဲပြီးသွားလို့ အိမ်သာခဏသွားတာ။
KJK- သူ့ကိုသွားပို့လိုက်ဦးမယ်။
Jong Kook သူမကိုပွေ့ချီထားရင်း ဘာရယ်မဟုတ်၊ ငုံ့ကြည့်လိုက်မိသည်။
ကလေးတစ်ယောက်လို အိပ်မောကျနေသည့် ကလေးမလေး။ ကလေးစိတ်ပင်မကုန်သေးသော အသက် 20 အရွယ် ကောင်မလေး။ Jong Kook နှလုံးသားလေးခုန်တာ မြန်သည်ထက် မြန်လာပြီ။ သူမလေးကတော့ ဘာမှမသိရှာ၊ Jong Kook ရင်ခွင်ထဲတောင် တိုးဝင်လိုက်သေးသည်။JH- အင်း......
KJK [တော်တော်ဆိုးတဲ့ကလေးမ! အိပ်တာတောင်ကောင်းကောင်းမအိပ်ဘူး။]
ကုတင်ပေါ်တွင် သူမလေးကို အသာချပြီး အခန်းထဲမှပြန်အထွက်၊ Dong Hoon က အခန်းဝတွင် အဆင်သင့်စောင့်နေသည်။
KJK- မအိပ်သေးဘူးလား? သူတောင်အိပ်သွားပြီ။
HDH- အခုမှ 9 နာရီထိုးတာကို။ သူက အစောကြီးလည်းထရသေးတယ်လေ။ နေ့လည်လည်းမအိပ်ထားဘူးထင်ပါရဲ့။ အစ်ကိုက အကြမ်းပတမ်းကြီးလုပ်လိုက်တော့ ရင်တုန်သွားတာနေမှာ။
KJK- တော်တော့။ မင်းဘာလို့ ဖုန်းမကိုင်တာလဲ?
HDH- ဖုန်းကအိပ်ခန်းထဲမှာ။
KJK- သူကလည်းဖုန်းမကိုင်ဘူး။
HDH- သူ့ဖုန်းလည်းအိပ်ခန်းထဲမှာလေ။
KJK- တစ်ခုခုဖြစ်ပြီထင်တာ။
HDH- စိတ်ပူတယ်ပေါ့?
KJK- မပူစေချင်ရင်ဖုန်းကိုင်လေ။
HDH- ကျွန်တော့ကိုကျတော့ တစ်ခါမှ မပူဖူးဘူးလေ။ CEO Kim ရယ်။
YOU ARE READING
My little secretary
Fanfic(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...