Chapter (3)

24 2 0
                                    

Workout လုပ်နေသော Jong Kook အား Jihyo ကြည့်နေလေသည်။

KJK- ဟဲ့! အရမ်းကြည့်မနေနဲ့!

JH [ဒီဖေ....]

Gym မှအပြန်တွင် Jong Kook က coffee ဆိုင်ဝင်ထိုင်သေးသည်။

KJK- ဘာမှမသောက်ဘူးလား?

JH- ဟင့်အင်း။

Jong Kook က လက်ထဲက coffee ခွက်ကိုတစ်ငုံသောက်လိုက်ရင်း

KJK- မင်းမှာ မိသားစုမရှိဘူးလား?

JH- ရှင်?

KJK- ငါ့ဆီအတွင်းရေးမှူးလာလုပ်တဲ့ လူတွေက မိသားစုမရှိဘူး။ မိသားစုရှိရင် ငါနဲ့လာ နေမှာမဟုတ်ဘူးလေ။

JH- ကျွန်မကတော့ရှိတယ်!

KJK [ဖြည်းဖြည်း ပြောပါဟ]

JH- အစ်ကို တစ်ယောက်နဲ့မောင်နှစ်ယောက်။

KJK- သမီးမိန်းကလေး တစ်ယောက်တည်း?

JH- ဒါပေါ့။

KJK- မင်းမိဘတွေကရော?

JH- အမေကတော့ကလေးမမွေးနိုင်ဘဲ ဆုံးသွားတယ်။အဖေကတော့ ရှိသေးတယ်။

KJK- အော်.....

JH- ရှင်ကရော?

KJK- ငါ့မိဘတွေနှစ်ယောက်လုံးဆုံးသွားပြီ။ Dong Hoon ကငါ့ရဲ့တစ်ဦးတည်းသော ဆွေမျိုးသားချင်းပဲ။

Jong Kook လက်ထဲက coffee ခွက်ကို မော့ချလိုက်သည်။

KJK- သွားမယ်။

ကားပေါ်တက်သွားသည့် Jong Kook နောက်မှ Jihyo တစ်ယောက် အပြေးလိုက်လာသည်။

KJK- ဟဲ့! အရှေ့မှာလာထိုင်။

JH- ဟုတ်။

Jong Kook က driver seat မှာထိုင်ပြီး Jihyo ကတော့ သူ့ဘေးက passenger seat မှာထိုင်သည်။

JH- အသွားတုန်းက အနောက်မှာထိုင်တာကို။

KJK- နင်ကအမြဲတမ်း ငါ့ဘေးမှာရှိရမှာလေ။

JH- ရှင်?

KJK- နင်ကငါ့အတွင်းရေးမှူးဆိုတော့ ငါဘာလို လဲဆိုတာသိဖို့ ငါ့ဘေးမှားရှိရမယ်လို့။

JH- အော်။

KJK- နင်ဘာလို့ အလုပ်လာလုပ်တာလဲ?

JH- ရှင်?

KJK- ဘာလို့အလုပ်လာလုပ်တာလဲလို့?

My little secretary Where stories live. Discover now