Jong Kook ကတော့ နောက်ယောင်ခံလိုက်နေသည့် ကားကိုမမြင်။ သူ့ခြံထားသာ အေးအေးလူလူ မောင်းဝင်သွားသည်။
JSM- သူ့အိမ်ကြီးက အကြီးကြီးပဲ။ Unnie ကဒီမှာနေတာလား?
CSC- ငါ့အစ်မက ယောက်ျားလေးဆိုရင် ငါတို့ ညီအစ်ကိုတွေနဲ့ပဲနေခဲ့တာ။ အခုဒီလူနဲ့ အတူတူနေနေတာများလား?
JSM- အဲ့လူကလည်း ပြန်ထွက်မလာဘူး။ သူ့အိမ်လားမသိဘူး။
CSC- သူ့အိမ်ဆိုရင်တော့ ငါ့အစ်မကို ရအောင်ပြန်ခေါ်ရမယ်။
Somin ကိုအိမ်ပြန်ပို့ပေးပြီးတာနှင့် Sechan လည်း အိမ်ပြန်ခဲ့သည်။ သူ့စိတ်ထဲမှာတော့ အခဲမကျေ။ သူ့ရဲ့ တစ်ဦးတည်းသော အစ်မအား လူတစ်ယောက်က ရုတ်တရက် လုယူသွားသည်မလား?
CJS- Sechan ah, ပြန်လာပြီလား? Somin နဲ့ အဆင်ပြေခဲ့လား။
CSC- ပြေပါတယ်။ Hyung တို့ကို ကျွန်တော် ပြောစရာရှိတယ်။ Appa ကိုတော့ ပြီးမှပြောရအောင်။
CKS- ပြောလေ။
CSC- ကျွန်တော် ကျောင်းဆင်းတော့ Somin နဲ့ Namsan tower သွားခဲ့တယ်။ အဲ့ဒီမှာ noona ကို ယောကျာ်းတစ်ယောက်က အနောက်ကနေ သိုင်းဖက်ထားတာလည်း တွေ့ခဲ့တယ်။
CKS & CJS- ဘာ!
CSC- ကျွန်တော်လည်း အစက မယုံဘူး။ ဒါပေမယ့် အဲ့ဒါ noona မှ noona အစစ်။
CJS- ငါတို့ Jihyo လေးက ရည်းစားရနေပြီလို့ပြောတာလား။
CSC- ရည်းစားလားဘာလားတော့ ကျွန်တော်လည်း မသိဘူး။ လောလောဆယ်တော့ noona က သူ့အိမ်မှာ နေနေတာထင်တယ်။
CKS- ဘာ!
CSC- ကျွန်တော် သူတို့နောက်ကလိုက်သွားတာ။ အဲ့လူအိမ်ကလည်း အကြီးကြီးပဲ။
CKS- မင်းဟာက သေချာလို့လား?
CSC- သေချာပါတယ်။ Somin လည်း တွေ့ခဲ့တယ်။ Driver Choi လည်း တွေ့တယ်။
CJS- အဲ့ဒါဆို အိမ်လိပ်စာကို မင်းမှတ်မိလား?
CSC- မှတ်မိတယ်။ Anyang မှာ။ ခြံနံပါတ် 29. လမ်းထဲဝင်ဝင်ချင်း ဒုတိယအိမ်။
CJS- ငါ့ညီမကို ရအောင်ပြန်ခေါ်ရမယ်။
CKS- ကျွန်တော်လည်း noona ကို တခြားလူ လက်ထဲမှာ မထားနိုင်ဘူး။ အခုတောင် အဲ့ဒီလူက noona ကို သိုင်းဖက်ထားတာမလား။
CSC- ဖက်ထားတာမှ noona က သူ့ရင်ခွင်ထဲတောင်မြုပ်နေပြီ။ အဲ့လူကလည်း noona ပုခုံးပေါ်မှာ မေးတောင်တင်ထားတာ။
CJS- ငါ စုံစမ်းကြည့်ပါဦးမယ်။ Appa သာ ဒီကိစ္စကို သိသွားရင် မလွယ်ဘူး။
ညီအစ်ကို သုံးယောက်လုံး သက်ပြင်းရှည်ကြီးချလိုက်ကြသည်။
*****
တစ်ဖက်တွင်တော့ Jihyo က အေးအေးဆေးဆေး ထမင်းစားပြီး TV တောင်ကြည့်နေသည်။ ထမင်းစားခန်းထဲတွင်တော့ Jong Kook နှင့် Dong Hoon တို့နှစ်ယောက်သာ။
HDH- Hyung ကို သူကဘာပြန်ပြောလဲ?
KJK- ဘာမှမပြောသေးပါဘူး။
HDH- ကျွန်တော်ထင်တာတော့လေ၊ Gary လည်း သူ့ကို ကြိုက်နေတာလားမသိဘူး။
KJK- ဘာ! ငါက အစတည်းက အဲ့ကောင်ကို ကြည့်လို့ရတာမဟုတ်ဘူး။
HDH- ကျွန်တော်ထင်တာပြောတာပါ။ ညီမလေးလိုချစ်တာလည်းဖြစ်နိုင်တယ်။ သူဒီနေ့ သူ့ပစ္စည်းတွေနေရာချတော့၊ Jihyo ပုံလေး ထောင်ထားတယ်။
KJK- ဘာ! အဲ့ကောင်က?
HDH- Hyung ကလည်း သဝန်တိုလိုက်တာမှ။ Canteen မှာ ထိုင်ကတည်းက၊ သူတို့နှစ်ယောက်ကို မီးထတောက်တော့မယ့် အကြည့်နဲ့ ကြည့်နေတာ။
KJK- အဲ့ကောင်က Jihyo အိမ်မှာနေတာတဲ့။ မိဘတွေမရှိတော့လို့ Jihyo အဖေက ခေါ်မွေးစားထားတာလို့လည်းပြောတယ်။
HDH- အဲ့လောက်လည်း စိတ်ပူမနေပါနဲ့။ Jihyo ကတော့ သူ့ကို သဘောကျတဲ့ အရိပ်အယောင်မပြဘူး။
KJK- ဒါပေမယ့် သူ့ရင်ထဲမှာတော့ ကြိတ်ချစ်နေရင်ရော?
HDH- ငါတို့ သံမဏိလူသားလည်း ချာတိတ်လေးနဲ့တွေ့မှ သံရည်ပူတွေ ပျော်ကျတော့တယ်။ ဟားဟားးးး
*****
YOU ARE READING
My little secretary
Fanfiction(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...