Gary တစ်ယောက် ကောင်းကင်ကြီးကို မော့ကြည့်ကာ ငေးမှိုင်နေမိသည်။ ဒါကိုတွေ့သွားသည့် Kwang Soo က...
CKS- Gary hyung.
Gary- Kwang Soo ah.
CKS- Hyung က noona နဲ့ company တစ်ခုတည်းမှာ အလုပ်လုပ်တာဆိုတော့လေ၊ ကျွန်တော့် အစ်မ အဆင်ပြေရဲ့လား သိချင်လို့။
Gary- ဘယ်လို သိသွားတာလဲ?
CKS- သိပါတယ်။ သူအဆင်ပြေရဲ့လား?
Gary- ပြေပါတယ်။ ရှေ့မှာထိုင်နေတဲ့ CEO ကိုတောင် လူ့ခွစာလို့ခေါ်တာ။
CKS- Noona ကတော့လေ.... ကျွန်တော်တို့ကလည်း အလိုလိုက်ခဲ့မိတာကိုး။
****
Jihyo လည်း ကောင်းကင်ကြီးကို မော့ကြည့်မိသည်။
JH [အဖေတို့၊ အစ်ကိုတို့၊ မောင်လေးတို့ကို လွမ်းသား။ ဒါပေမယ့် ဒီလူကြီးကိုလည်း မထားခဲ့နိုင်ဘူး။ ငါဘာတွေတွေးနေတာလဲ။ ငါသူ့ကို ချစ်နေမိပြီလား?]
Jihyo ကောင်းကင်ကြီးကို မော့ကြည့်နေသည့်အခါ၊ Jong Kook လည်း သူမလေးကို စချင်သည့်စိတ်ကထိန်းမရ။
သူ့အနားသို့ ခြေသံလုံအောင်သွားပြီး
"BOO!""အားးးး..."
Jong Kook က ရယ်လိုက်သည်။
KJK- လန့်သွားလား?
JH- လန့်တာပေါ့! လူကိုလန့်အောင် လုပ်ပြီးတော့။
KJK- ချစ်လို့ စတာပါ ချာတိတ်ရဲ့။
JH- ဟွန့်!
Jihyo ကနှုတ်ခမ်းလေးစူပြီး စိတ်ကောက်သည်။
JH- မကောင်းတဲ့ သူဌေး!
KJK- ကိုယ့်သူဌေးကိုတောင် ပြန်ပြီး ရန်ထောင်နေပါလားကွ။
JH- ရှင် အဲ့လိုစတိုင်း၊ ကျွန်မ အိမ်ပြန်ချင်တယ်။
Jihyo က စူပုပ်ပြလိုက်တော့ Jong Kook က Jihyo မျက်နှာနားကို ကပ်လိုက်ပြီး
KJK- မင်း အဲ့လိုစူပုပ်ပြတိုင်း၊ ငါ မင်းကိုနမ်းချင်တယ်။
Jihyo လေး ကြက်သီးများပင်ထလာရသည်။
KJK- ကြက်သီးတောင်ထနေတယ်ပေါ့။ အခုကျတော့လည်း ကြောက်တတ်သားပဲ။

YOU ARE READING
My little secretary
Fiksi Penggemar(Unicode in acc) Spartace fanfiction! ဒုက္ခအိုး secretary လေးကို ဒေါသကြီးတဲ့ Kim Jong Kook တစ်ယောက် သည်းခံနိုင်ပါ့မလား။ ဒေါသကလည်းကြီး ခွကလည်းကျတဲ့ လူ့ဂွစာ Kim Jong Kook တစ်ယောက်၊ စွာတေးလန် Jihyo လေးနဲ့တွေ့တဲ့အခါ...... အသက်အများကြီးကြီးတဲ့ Kookie လေးက...