Final part

1.5K 33 8
                                    

                 ဒီနေ့ဟာဆိုရင်တော့ ဘုန်းမြတ်အတွက် အရမ်း၀မ်းနည်းစရာကောင်းလွန်းစရာနေ့ဖြစ်နေခဲ့တယ် သူသာ၀မ်းနည်းနေတယ့်ပုံစံဆိုရင်အဘွားနဲ့အိမ်ကလူတွေကပိုဆိုးးမှာလေ ဘာလို့ဆို Management Development အတွက် Canadaကိုသွားပြီးသွားလေ့လာရတော့မယ်.. ဖေဖေကတော့အဲဒီကိစ္စတွေဖြစ်ပြီးထဲကလုပ်ငန်းထဲပြန်၀င်ဖို့အဆင်သင့်မဖြစ်သေးတော့အိမ်မှာဘဲနားနေတယ် ကိုကြီးကတော့ပြန်ပြီးကုသနေတယ့်အတွက်သူအဆင်ပြေမှာပါတစ်ယောက်သောသူနဲ့ပေါ့.......

              - "သားမြတ်ရေ ... မင်းအဆင်သင့်ဖြစ်ပြီလားး"
အခန်းတံခါးကိုဦးအောင်လာခေါက်ပြီးးပြောမှဘဲ မြန်မြန်ထည့်စရာရှိတာထည့်လိုက်ပြီး အခန်းအပြင်ထွက်လိုက်တော့တယ်..

               - "ဟုတ် ဦးအောင် သားးပြီးးပြီ..  သွားကြတော့မလား.. "
               - "အေးသွားကြတာပေါ့ကွာ...  ဒါမဲ့လေယာဉ်အချိန်ကတော့လိုသေးတယ်.. မင်းအဘွားနဲ့အိမ်ကလူတွေသေချာနှုတ်ဆက်လိုက်အုံးး"
               - "တော်ပါပြီ ဦးအောင် သား ဖွားဖွားကိုပြန်နှုတ်ဆက်နေရင် ဒီနေ့သားသွားဖြစ်မှာမဟုတ်ဘူး ခုနကလည်းငိုပြီးပြီ"
               - "အေးပါကွာ... ဒါဆိုသွားကြတော့မလားး"
               - "ဟုတ် ..."

ဘုန်းမြတ်ကားပေါ်သို့ပစ္စည်းထည့်နေတုန်းးး အနောက်ကနေ..
              - "သားး ဖေဖေစိတ်ချမယ်နော် သားပြန်လာရင်ဖေဖေတို့ကမ္ဘာအသစ်ပြန်တည်ဆောက်ကြတာပေါ့ ဖေဖေလိုက်မပို့တော့ဘူး မင်းအဘွားနားဖေဖေရှိမှဖြစ်မယ်... "
              - "ဟုတ်ရပါတယ်ဖေဖေ ကိုကြီးကိုလည်းပြောလိုက်ပါသားနှုတ်ဆက်ပါတယ်လို့... "

ဘုန်းမြတ်မသွားခင်ဘွားဘွားရယ်ဖေ‌ကြီးရယ်ကြီးမြတို့ရယ်ကုိ့ကန့်တော့လိုက်ပြီး လေယာဉ်ကွင်းဆီသို့ စတင်ထွက်ခွာတော့သည်..

********
ဆေးရုံကြီးတစ်ခုရဲ့VIPအခန်းးတစ်နေရာတွင်.. ဝှီးချဲကိုကိုင်ပြီးမတ်တပ်ထရပ်ဖို့လုပ်နေတယ့် ဘုန်းရှိန်ထက်တစ်ယောက်ကတော့ သူကိုယ့်သူအားမလိုအားမရဖြစ်နေခဲ့တယ်...

             -" အကို ... "

အဝေခေါ်လိုက်မှဘဲ ဘာမှမလုပ်ထားသလို့မျက်နှာနဲ့ ဝှီးချဲပေါ်ပြန်ထိုင်လိုက်လေသည်.. ဒိအကိုနဲ့တော့ခက်ပါတယ်လေ..
           - "အကို.. ဗိုက်ကဒဏ်ရာကမပျောက်သေးပါဘူးဆိုဘာလို့အာ့လောက်တောင်မတ်တပ်ရပ်ချင်နေတာလဲ.. "
           -" ဟာ.... အဝေမင်းမှမသိတာ . ဘယ်လောက်ခံပြင်းဖို့ကောင်းလဲဆိုတာ ‌တစ်နေ့လုံး ဝှီးချဲပေါ်ထိုင်ရရင်ထိုင်မထိုင်ရရင်အိပ်ရာပေါ်လှဲနေရတာ ဘယ်လောက်ညောင်းတယ်မှတ်လဲ... "
           - "ညောင်းတယ်ဆိုတာအဝေလဲသိတယ် ဒါပေမဲ့ဆရာ၀န်တွေကလည်းမနက်တခါညနေတစ်ခါဆယ်မိနစ်ဆီလမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပေးတာဘဲလေ.... လိုတာထက်ပိုလုပ်ရင်ဒဏ်ရာမသက်သာဘဲနေမှာပေါ့.."
           -" ကျစ် ..... မင်းကလေတနေ့တနေ့ဆူဖိူ့ဘဲ မြန်မြန်လေးဆေးရုံကနေဆင်းချင်နေပြီ.. "
           - ဆေးရုံကမြန်မြန်ဆင်းချင်ရင် အဝေ့စကားနဲ့ဆရာ၀န်စကားနားထောင်.. ...  အခုတော့ပန်းသီးစားလိုက်အဝေခွဲလာတာ...
           - "အဝေတော့လုပ်ပြန်ပြီ... ဟိုတစ်နေ့ကလည်းသစ်တော်သီးခွဲတာ လက်ရှတယ်လေ ..အခုကော...."
           - "အခုက မရှပါဘူးအကိုရဲ့ အဆင်ပြေပါတယ် ဟီးးးးးးး"

    အဝေရဲ့သူ   [Completed]Where stories live. Discover now