timeline explanation

700 31 0
                                    

စာရေးတယ်ဆိုတာ ရုပ်ရှင်နဲ့မတူမှန်းကျွန်တော်သိပါတယ်။ ရုပ်ရှင်ကအမြင်အာရုံကိုဖမ်းစားတာမျိုးဆိုတော့ ဇာတ်လမ်းဖြစ်စဉ်ကို အစဉ်လိုက် ပြဖို့
မလိုဘူး။ ဥပမာ အဖြစ်အပျက်(၁) ကနေ အဖြစ်အပျက်(၂)၊ (၂) မှ (၃)၊ (၃) မှ (၄) အဲဒီကနေ
ဇာတ်လမ်းစပြီး ဇာတ်သိမ်းတဲ့အထိ အစဉ်လိုက်ပြလို့ရသလို နောက်ဆုံးဖြစ်မယ့် (၁၀) ကနေ (၁) ကိုနောက်ပြန်လှည့်ပြီး ပြလို့လည်းရတယ်။ ဒါမှမဟုတ် ဇာတ်ဝင်ခန်း ၁၀ခန်းရှိရင် ဇာတ်ဝင်ခန်း(၁) ကိုပြလိုက်၊ ပြီးရင် (၁၀) ကိုဆက်သွား၊ နောက် (၂) ကိုပြန်လာ၊ အဲဒီလိုမျိုးလည်း ရိုက်ပြလို့ရတာပေါ့။ ပရိသတ်ကို ပေးချင်တဲ့ feeling ရအောင် ကြိုက်သလို လှည့်ရိုက်ပြကြတယ်။ အစဉ်လိုက်မပြတဲ့ရုပ်ရှင်တွေဟာ အစပိုင်းမှာ ကြည့်သူပရိသတ်အတွက် စိတ်ရှုပ်စရာကောင်းတယ်၊ ဒါပေမယ့် အသားကျသွားပြီဆိုရင်တော့ အရသာအသစ်တစ်မျိုးဖြစ်နေတတ်ပါတယ်။

စာအရေးအသားကျတော့ ရုပ်ရှင်ကားလိုမဟုတ်တော့ဘူး။ စာမှာလည်း ရုပ်ရှင်လို "နောက်ကြောင်းပြန်"တာရှိပေမယ့်နောက်ကြောင်းပြန်လိုက် "လက်ရှိကာလ"ကိုရောက်လိုက် မလုပ်တတ်ကြဘူးလေ။ များသာအားဖြင့် လက်ရှိကာလမှာဇာတ်လမ်းစတည်ပြီး လိုအပ်တဲ့နေရာရောက်ရင်
"နောက်ကြောင်း"ကို အပြည့်အစုံပြန်ပြော၊ ပြီးတော့မှ မူလဇာတ်လမ်းကိုပြန်ဆက်တာမျိုးပေါ့။

ကျွန်တော်လက်လမ်းမှီသလောက်ဖတ်ဖြစ်တဲ့ စာအုပ်တွေမှာပေါ့လေ။ ခြွင်းချက်အနေနဲ့ပြောရရင် ဆရာမဂျူးရဲ့ဝတ္ထုတော်တော်များများကတော့ အဲဒီလိုမဟုတ်ဘူး။ ဥပမာ- အမှတ်တရ။

ကျွန်တော်က ဂျူးအသဲစွဲဖြစ်တာကြောင့် "ကင်ဆာ" ကိုရေးတဲ့အခါမှာ ဆရာမဂျူးရဲ့ရေးဟန်ကို
မတတ်တခေါက်လေး အတုယူခဲ့ပါတယ်။ အဲဒါကြောင့် အခု စာဖတ်သူတွေဖတ်ရမယ့် "ကင်ဆာ" ဟာခပ်ရှုပ်ရှုပ်တော့ဖြစ်နေလိမ့်မယ်။ကျွန်တော် ဆရာမဂျူးရဲ့ခြေဖျားတောင် မမှီလို့ပါ။ ဒါပေမယ့်အတက်နိုင်ဆုံး အချိန်ကာလကို ဇာတ်ဝင်ခန်းတွေရဲ့ထိပ်စည်းမှာ ဖော်ပြပေးထားပါတယ်။

များသောအားဖြင့်ကတော့ "ပစ္စုပန်" ကနေ "အတိတ်" ကိုကူးထားတာပါ။ (တစ်ခန်းတစ်လေလောက်ကိုတော့ "အနာဂတ်" အထိပါကျွန်တော် ခုန်ကူးခဲ့ပါတယ်)

အဓိက timeline ကတော့ "၂၀၁၉" ဒီဇင်ဘာကနေပြီး "၂၀၂၀" နှစ်တစ်ဝက်လောက် အထိပါ။

နောက်ကြောင်းပြန်တဲ့ "အတိတ်" မှာတော့ အဓိကဇာတ်ကောင် "ဆာဝါး" ရဲ့ အလယ်တန်း၊အထက်တန်းနေ့ရက်တွေဖြစ်ပါလိမ့်မယ်။ ခုနှစ်အတိအကျပြောရရင် ၂၀၀၉-၂၀၁၁ကာလပါ။ ဆာဝါး အထက်တန်းတက်ခဲ့တဲ့ ၂၀၁၀,၂၀၁၁ ဇာတ်ဝင်ခန်းတွေ များများဖတ်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆာဝါးကိုးတန်း၊ဆယ်တန်းနှစ်တွေမှာ သူချစ်ရတဲ့ "ဆဲမူးလ်" နဲ့ဆုံခဲ့ရလို့ပါပဲ။

ဒီလိုနဲ့ ၂၀၁၉ နှစ်အကုန်မှာ ဆဲမူးလ် နိုင်ငံခြား(Korea)ကိုအလုပ်သွားလုပ်ဖို့ ထွက်သွားခဲ့ပြီး ၂၀၂၅ လောက်မှာ မြန်မာပြည်ပြန်လာခဲ့တယ်။ သူကိုရီးယားရောက်နေတဲ့ ၅နှစ်တာကာလမှာ "နတ်ဆိုးလေး"လို့ခေါ်ကြတဲ့ "သူရ"နဲ့ ဆာဝါးဆုံခဲ့ရတာ။

အကျဉ်းချုပ်ပြန်ပြောရရင်

လက်ရှိ - ၂၀၁၉, ၂၀၂၀

အတိတ် - ၂၀၀၉-၂၀၁၁

အနာဂတ် (သို့) ဇာတ်သိမ်း - ၂၀၂၅

အဲဒီအချိန်သုံးမျိုး တစ်လှည့်စီးကူးပြီး ရေးဖြစ်ပါတယ်။

p.s. အားလည်းရသလို အားလည်းမရတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ပြင်ပြီးရေးဖို့လည်းစဉ်းစားထားပါတယ်။ အများကြီးတော့ မပြောင်းပါဘူး။ လိုအပ်တဲ့အခန်းနည်းနည်း ပေါင်းထည့်ပြီး၊ timeline ကို အခုထက်ပို ရှင်းအောင်လုပ်ချင်လို့လေ။

မြစ်ပွားနာ [Cancer] (U+Z) [completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ