အခန်း (၁၃)

412 26 22
                                    


July, 2020

ဝါဆိုလပြည့်ကျော်တစ်ရက်ကမွန်၊ကရင်နှစ်ပြည်နယ်လုံးရဲ့အစည်ကားဆုံးပျော်ပွဲရွှင်ပွဲနေ့ပါ။ဟိုးအရင်ခေတ်ကတည်းကအထိမ်းအမှတ်လုပ်လာခဲ့ကြတဲ့"ဝါဆိုပန်းခူး"ဆိုတဲ့ဓလေ့ကိုအခုချိန်တိုင်ဆင်နွှဲကြတယ်။မိသားစုတွေ၊ချစ်သူခင်သူတွေအပန်းဖြေခရီးထွက်ကြ၊ပျော်ပွဲစားထွက်ကြနဲ့နှစ်တိုင်းပျော်စရာကောင်းတဲ့အားလပ်ရက်တစ်ရက်ဆိုလည်းဟုတ်တယ်။ဟိုးတုန်းကလိုတော့ပန်းမခူးကြတော့ဘူးပေါ့။ဒါပေမယ့်ဒီနှစ် တစ်ကမ္ဘာလုံးကြုံနေရတဲ့ကပ်ရောဂါအသစ်ကြောင့်ဘယ်သူမှတော့အပျော်ခရီးမထွက်ကြတော့။ကူးစက်မှုကာကွယ်နိုင်ဖို့လူစုလူဝေးရှောင်ရတော့အာလုံးအိမ်တွင်းအောင်းကြရတယ်။အပြင်သွားလာလို့မဖြစ်နိုင်တော့လည်းအိမ်ထဲမှာရုပ်ရှင်ကြည့်လိုက်၊စာအုပ်ဖတ်လိုက်နဲ့အချိန်ကုန်နေတော့တယ်။သူရ(Devilလေး)ကတော့ကျွန်တော်ရှိတဲ့ဘားအံနဲ့သူနေတဲ့အိမ်ကိုအသွားအပြန်လုပ်နေတာပဲ။

"ခင်ဗျားအဲဒီ့စာအုပ်ကိုတအားကြိုက်တယ်ထင်တယ်နော်၊ဒီနှစ်ထဲ ဖတ်နေတာဘယ်နှစ်ကြိမ်တောင်ရှိပြီလဲ"

မိုးတွေလေတွေကိုကျော်ဖြတ်ပြီးရောက်လာတဲ့သူ့ကိုအချိန်မပေးဘဲဝတ္ထုစာအုပ်ကိုသာဖတ်နေတဲ့ကျွန်တော့်ကိုမျက်စောင်းလှလှလေးနဲ့ကြည့်နေတယ်လေ။

"သူရေးသမျှထဲမှာဒီတစ်အုပ်ကရိုမန့်တစ်အဆန်ဆုံးလေ၊ ဒါနဲ့ ချစ်သူရေးတဲ့ညတွေ ပေါ့"

သူ့ရှေ့မှာအနည်းဆုံးသုံးလေးကြိမ်ဖတ်ထားပြီးသား၊လက်ရှိကျွန်တော်ထပ်ကျော့ဖတ်နေတဲ့စာအုပ်ကကျွန်တော့်အသဲစွဲဆရာမဂျူးရဲ့"ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ်"ဆိုတဲ့ဝတ္ထုပေါ့။တစ်ခါတည်းညွှန်းလိုက်တယ်နော်။ဂျူးစာဖတ်ဖို့ပြင်နေတယ်ဆိုရင်တော့ ကျွန်တော်အခုပြောတဲ့နှစ်အုပ်ကိုစဖတ်ကြည့်ပါဗျ။ချစ်သူလား...စကားတစ်ပွင့်ပွင့်ခဲ့တယ် မှာစကားပန်းလေးတွေအကြောင်း၊ချစ်သူရေးတဲ့ညတွေ ကတော့ပန်းချီကားလေးတွေကိုချစ်တဲ့လူမျိုးခြားနှစ်ယောက်ရဲ့အချစ်အကြောင်း။စကားလမ်းကြောင်းလွဲသွားတော့မယ်။ကျွန်တော်က ဂျူးအကြောင်းပြောနေရရင်ဘယ်တော့မှမရပ်တော့မယ့်သူမျိုးဗျ။(သူရပြော,ပြေနေသလို)ကဲပါ။ကျွန်တော်နဲ့သူရတို့စကားပြောနေတဲ့ဘက်က်ိုပြန်သွားပါ့မယ်။

မြစ်ပွားနာ [Cancer] (U+Z) [completed]حيث تعيش القصص. اكتشف الآن