အခန်း (၃)

704 59 15
                                    


December, 2019

စဘောင်ကိုဘယ်လိုရှာမလဲ စဉ်းစားနေတဲ့အချိန် ဖုန်းဝင်လာတယ်။ ဖုန်းမျက်နှာပြင်ထက်မှာ unkown number တဲ့။

'ဆာဝါး လား'

ဆာဝါးလို့မေးလိုက်တဲ့ အသံကို ကျွန်တော်ချက်ချင်းမှတ်မိလိုက်တယ်။(ဆားဝါး ဆိုတာကျွန်တော့်ကရင်နာမည်လေ)

'ဖူခွါ့ (ညီလေး) မင်းဘယ်မှာလဲ'

'ကျွန်တော် ခရားအတွင်းမှာ ကောကရိတ်မှာဆုံဖူးတဲ့ သူငယ်ချင်းတစ်ယောက် ရွာပြန်ရောက်နေတာ အဆက်အသွယ်ရလို့ လိုက်လာတာ၊အစ်ကို စိတ်ပူနေမှာစိုးလို့ ဖုန်းဆက်လိုက်တာ'

အသိမပေးဘဲထွက်သွားတဲ့ စဘောင်ကိုကျွန်တော်အပြစ်တင်စကား မပြောဖို့လိုအပ်တာကိုကျွန်တော်သိတယ်။သူတို့လို ဆယ်ကျော်သက်လူငယ်တွေက လွတ်လပ်မှုကို လိုချင်ကြတယ်။ချုပ်ခြယ်ခြင်းကို ဆန့်ကျင်တတ်တယ်။ ဒီလိုအရွယ်ကလေးတွေကိုစောင့်ရှောက်ဖို့အကောင်းဆုံးနည်းလမ်းက သူတို့လိုချင်တဲ့ လွတ်လပ်ခွင့်၊ဆုံးဖြတ်ပိုင်ခွင့်ပေးထားပြီး မသိမသာထိန်းမတ်ပေးတာပဲ။ လူငယ်တွေက တချို့လူကြီးတွေထင်သလောက် ကိုယ့်ကိုယ်ကိုထိန်းကျောင်းမှုအားမနည်းဘူး။ သူတို့ကိုပေးလိုက်တဲ့ ယုံကြည်မှုနဲ့ထပ်တူကျတဲ့ တာဝန်ယူမှု သူတို့မှာရှိတယ်။ အများအားဖြင့်ပေါ့လေ။ ကိုယ်တိုင်လည်း ငယ်ငယ်ကမိဘတွေရဲ့ထိန်းကျောင်းပုံကိုအမြဲဆန်းစစ်တတ်တဲ့အကျင့်နဲ့ တက္ကသိုလ်တုန်းကယူခဲ့ရတဲ့ ကလေးစိတ်ပညာအတန်းတွေကြောင့် လူငယ်တွေရဲ့စိတ်ကို ကျွန်တော်ထပ်တူခံစားပေးနိုင်အောင် အမြဲကြိုးစားဖြစ်တယ်။

'အစ်ကို လိုက်လာလို့ရလား'

"လာလေ အကို့ကိုလာစေချင်လို့ ဖုန်းလှမ်းခေါ်တာ"

"အော် ပြီးတော့ ဆဲမူးလ်လည်းရှိတယ်"

ဆဲမူးလ်။ဒီနာမည်ကိုကျွန်တော်မကြားရတာ ဘယ်လောက်ကြာပြီလဲ။နာမည်တင်မဟုတ်ပါဘူးလေ။လူချင်းဝေးနေတာလည်း ဘယ်လောက်ကြာပြီလဲ။ခရားအတွင်း(ရွာ)ကိုလည်း ကျွန်တော်မရောက်တာ ဆယ်တန်းပြီးကတည်းက။ အခုတော့ တစ်ခေါက်ပြန်ရောက်ရဦးမှာပါလား။

မြစ်ပွားနာ [Cancer] (U+Z) [completed]Tempat cerita menjadi hidup. Temukan sekarang