အခန်း (၁)

4.1K 115 10
                                    

December, 2019

လူတစ်ယောက်ကို စွဲလမ်းဖို့ ဘယ်အကြောင်းတရားကဖြစ်စေနိုင်သလဲ ငါအသေချာမသိဘူး။သေချာတာကတော့ ငါမင်းကိုဆေးစွဲ,စွဲနေတယ်။

မင်းကိုရူးရူးမူးမူးချစ်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာပဲ အသည်းကွဲခြင်းဆိုတဲ့ခံစားချက်က ငါနဲ့လာမိတ်ဆက်တယ်။

ငါ့ရင်ထဲကို ချစ်ခြင်းမေတ္တာထည့်လိုက်တဲ့သူဟာ မင်းလို့ပြောရင်၊ ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကိုမင်းကစ,ရေးခဲ့တယ်လို့ ပြောရင် မင်းငြင်းမှာပဲနော်။

ငါ့နေရာမှာ ငါမဟုတ်ဘဲ တစ်ခြားသူငယ်ချင်းတစ်ယောက်ဆိုရင်လည်း မင်းအဲဒီလူဘက်ကရပ်တည်ခဲ့၊ကာကွယ်ပေးခဲ့မှာလို့ မင်းပြောလိမ့်မယ်၊မင်းက အားငယ်တတ်တဲ့သူကို သနားကြင်နာတတ်ပြီး အချစ်ငတ်နေတဲ့သူကို ချစ်ပေးတတ်တဲ့သူကိုး။ ငါ့နေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်လည်း ငါ့ကိုကြင်နာသလို ထပ်တူကြင်နာမှာခဲ့မှာပေါ့။

ငါက မင်းရဲ့သူငယ်ချင်းတွေအများကြီးထဲကတစ်ယောက်သာဖြစ်ပေမယ့် ငါ့အတွက်တော့ မင်းကသူငယ်ချင်းထက်ကိုပိုပါတယ်။ မင်းက ငါ့မိသားစုဖြစ်တယ်။ အစ်ကိုမရှိတဲ့ငါ့အတွက် အစ်ကိုကြီးတစ်ယောက်လည်းဟုတ်တယ်။နောက်ပြီး...ငါချစ်သူလို ချစ်ရတဲ့ စိတ်ကူးထဲ၊အိပ်မက်ထဲက ချစ်သူလို့ပြောရင် မင်းစိတ်မဆိုးပါဘူးနော်။ လက်တွေ့မှာ မဖြစ်နိုင်ပေမယ့် ငါ့ကိုယ်ပိုင်ကမ္ဘာလေးမှာတော့ မင်းကိုချစ်သူအဖြစ်သတ်မှတ်ခွင့်ပြုတယ်မဟုတ်လား...။

မင်းဘက်က ငါ့ကိုမျှော်လင့်ချက်အမှားတွေမပေးခဲ့ပါဘူးလို့ မင်းအမြဲတမ်းငြင်းခဲ့တယ်နော်။ အဲဒီစကားကို ငါကန့်ကွက်ဆို တင်သွင်းချင်တယ်။ ငါတစ်ယောက်တည်းပိုင်တဲ့ ငါတစ်ယောက်တည်းကလွဲပြီးဘယ်သူတစ်ဦးတစ်ယောက်မှ ဖတ်ခွင့်မရတော့မယ့်...ဒီဒိုင်ယာရီထဲမှာတော့ ငါမင်းစကားကို ငြင်းပါရစေကွာ။

သူငယ်ချင်းတစ်ယောက်ကိုကြင်နာတာထက် မင်းငါ့ကိုပိုပြီးသာပြီး မကြင်နာခဲ့ဘူးလို့ မင်းဘက်ကအသေအချာပြောပေမယ့် မင်းကိုယ့်ကိုယ်ကို ညာနေတာလို့ ငါစွဲချက်တင်ချင်တယ်။ ခံစားချက်ကိုထိန်းချုပ်အားကောင်းပြီး ဟန်ဆောင်လည်းကောင်းတဲ့မင်းမှာ တစ်ခါလေးတောင် အားနည်းချက်ဖြစ်သွားတဲ့အခိုက်အတန့် မရှိခဲ့ဘူးလား။ မရှိခဲ့ဘူးလို့ ကိုယ့်ကိုယ်ကို ညာချင်ရင်လည်း ညာပါလေ။ ငါ့မှာ မင်းနဲ့ပက်သက်ပြီး စကားလေးတစ်ခွန်းတောင် ပိုင်ဆိုင်ခွင့်ရခဲ့တာမှမဟုတ်ဘဲ။ မင်းကိုချစ်မိသွားတာနဲ့အတူ အရာရာကိုလက်ခံနိုင်အောင်
ငါကြိုးစားခဲ့ပါတယ်။

မြစ်ပွားနာ [Cancer] (U+Z) [completed]Tempat cerita menjadi hidup. Temukan sekarang