January, 2020
သူ့ရဲ့ဦးတည်ရာက ကမ်းနားလမ်းမှာရှိတဲ့ Hotel Gabbana တဲ့။ သူ့ဦးဆောင်ရာနောက်ကိုပဲ မေးခွန်းတစ်စုံတစ်ရာမှမမေးဘဲ ကျွန်တော်လိုက်ခဲ့တယ်။ Reception ကိုသူသွားတော့ guest lounge မှာကျွန်တော်စောင့်နေလိုက်တာပေါ့။ legal age မပြည့်သေးတဲ့ကောင်လေးကို receptionist ငြင်းလွှတ်လိုက်မယ့်ပုံကိုစိတ်ထဲမှာကျေကျေနပ်နပ်မျှော်လင့်နေတာကိုတော့ကျွန်တော်မညာပါ။ ဒီကောင်လေးအသက်မပြည့်တာ ကျွန်တော်သေချာနေပါတယ်။
watch out and read for yourself, guys.
အမြဲကိုယ့်ကိုယ်ကိုယုံကြည်မှုမြင့်နေသည့်ဟန်နဲ့ သူကျွန်တော့်ဆီလျှောက်လာကာ
"သွားစို့" တဲ့။
ကိုယ့်အတွေးနဲ့ကိုယ်လည်နေတုန်းမှာ သူ့ရဲ့နောက်
ဆက်တွဲစကားကိုကြားရတယ်။"breakfast တော့ရတယ်တဲ့"။ ကျွန်တော်ပဲအတွေးနက်နေတာလား။
ကျွန်တော့်မျက်နှာထက်မှာ ဘာအရိပ်အယောင်များသူဖမ်းမိလိုက်သလဲမသိ၊ မှတ်ချက်တစ်ခုသူပေးနေပြီ။
"အဆင့်မကျော်နဲ့လေ မဟုတ်ဘူးလား"
"f**k u"
ကိုယ့်ကိုယ်ကိုအရှိန်မသတ်နိုင်ခင်မှာပဲ ကျွန်တော့်ဆီကf bomb တွေထွက်ကျလာပြီ။
"ကဲ ရှက်ရမ်းမရမ်းနဲ့လေဗျာ"
Hotel restaurant ရောက်တော့ကျွန်တော်တို့နှစ်ယောက်ကလွဲပြီး တစ်ခြားဧည့်သည်မရှိ။
နှစ်ကူးမယ့်ညဖြစ်နေတာကြောင့်ရော၊ restaurant staff တချို့လည်းရှိနေတာကြောင့်ရော နောက်ပြီး
သူပြောပြလိုက်တဲ့ ကျွန်တော်တို့နှစ်ယောက်date
အကြောင်းကြောင့်ရော hotel က breakfast တော့လုပ်ပေးနိုင်တဲ့အကြောင်း သူရဲ့ social skill ကိုသူ့ဘာသာသူအမွန်းတင်နေတော့တာ။"ကျွန်တော့်ရဲ့ charm ကြောင့်ရောပေါ့"
ကျွန်တော်ရယ်ပြန်တော့ စူးသောအကြည့်တစ်ချက်ကျွန်တော့်ဆီကူးလူလာတယ်။
"မဟုတ်လို့လား"
"အေးပါကွာ"
"ခင်ဗျား အနောက်တိုင်းရုပ်ရှင်ကြိုက်တာကျွန်တော်သိတယ်လေ ဒါကြောင့် dinner date လုပ်လိုက်တာ dinner တော့မဟုတ်ဘူးပေါ့"
YOU ARE READING
မြစ်ပွားနာ [Cancer] (U+Z) [completed]
Romance#Unicode state ေကျာင်းတုန်းက ရင်ခုန်ဦးကို ဆေးစွဲသလိုစွဲပြီး ရူးရူးမူးမူးချစ်ဖူးတဲ့ ကောင်လေးတစ်ယောက်, အသက်အရွယ်ရလာတဲ့တစ်ချိန်မှာ အချစ်ဦး နဲ့ သူ့ထက်အသက်အရမ်းငယ်ပြီး သူ့ကိုကြွေတဲ့အကြောင်းကြောင်းခဏခဏပြောတတ်တဲ့ သူ့အချစ်ဦးနဲ့လည်းရုပ်ခပ်ဆင်ဆင်ဖြစ်နေတဲ့ ချာ...