အခန်း (၁၃)

348 29 15
                                    

August/September, 2011

ဩဂုတ်၊စက်တင်ဘာဟာငါ့အတွက်လှပခဲ့တဲ့နေ့ရက်တွေပေါ့။ငါမင်းနဲ့တွေ့ခွင့်ရတဲ့အကြိမ်အရေအတွက်အများဆုံးလတွေလေ။တစ်ပတ်ကိုတစ်ခေါက်၊ကံကောင်းရင်နှစ််ခေါက်၊ငါသိပ်ကံတက်နေရင်တော့နှစ်ခေါက်ထက်ပိုပြီး မင်းနဲ့အတူရှိခဲ့ရတာ။ငါ့ကိုလာတွေ့တယ်လို့မင်းဝန်မခံပေမယ့်လဲပေါ့။မင်းကတော့ပြောတာပဲ။ခရားကမင်းသူငယ်ချင်းအားလုံးနီးပါးရှမ်းပြည်(ထိုင်း)တက်သွားကြလို့၊ကျန်ခဲ့တဲ့ဘော်ဒါတွေလည်းအိမ်အလုပ်တွေနဲ့ရှုပ်နေလို့သံလှယ်သူငယ်ချင်းတွေနဲ့ပေါင်းဖြစ်နေတာတဲ့။မင်းဘာပြောပြော၊ငါ့စိတ်ထဲမှာတော့ယုံကြည်မှုတစ်ခုအမြစ်တွယ်နေခဲ့ပြီ။မင်းရဲ့အကြောင်းပြချက်တွေကမှန်နေမှာပါ။ဒါပေမယ့်မင်းငါ့ဆီရောက်လာတဲ့၁၀ကြိမ်မှာ၁ကြိမ်လောက်တော့ငါ့ကိုလာတွေ့တာသပ်သပ်မဖြစ်နိုင်ဘူးလား။တစ်ခေါက်လောက်တော့ငါ့ကိုတွေ့ချင်စိတ်တစ်ခုတည်းနဲ့ရောက်လာတာပါလို့ငါရူးရူးမိုက်မိုက်မယုံသင့်ဘူးလား။ငါ့မှာစိတ်ကူးယဉ်ခွင့်ရှိတယ်မဟုတ်လား။

၂၀၁၂မိုးတွင်းကိုတစ်ခေါက်ပြန်တမ်းတ ရရင်ရိုမန့်ရုပ်ရှင်ကားထဲကအချစ်ခန်းတွေကိုကြည့်နေရသလိုပဲဆဲမူးလ်ရေ။ရူးတယ်ပဲဆိုချင်ဆိုပါတော့။အိမ်ခေါင်မိုးကလေးတွေကိုထိရိုက်သွားတဲ့မိုးသံလေသံကိုထိုးဖောက်ချင်နေတဲ့ရော့ခ်ဂီတသံ(မင်းသိပ်ကြိုက်တယ်ဆိုတဲ့Iron Cross အဖွဲ့သားအဆိုတော်လေးဖြူရဲ့တေးသွားလေးတွေ)မော်တာအင်ဂျင်ဆီအနံ့လေးတွေပြည့်နေတဲ့workshop၊ အသေးစိတ်ကိုမှတ်မိတယ်ပြောရင်ပုံကြီးချဲ့ရာကျမလားမသိ။အဲဒီမော်တာဆိုင်ရဲ့ ဘယ်ဝန်းကျင်နဲ့မှမတူတဲ့အနံ့လေးတွေတစ်ခေါက်ပြန်ရှူရှိုက်လိုက်ရရင်ငါ့ကိုရံဖန်ရံခါလှမ်းကြည့်တတ်တဲ့မင်းမျက်လုံးတွေကိုပြန်မြင်ယောင်လာတာတော့ တကယ်ပါ။ပြီးတော့မိုးရာသီကိုမကြိုက်ပေမယ့်မိုးစိုနေတဲ့ ရွံ့လူးထားတဲ့မြက်ခင်းရယ်၊ဝင်တော့မယ့်ဆဲဲဆဲနေအလင်းရယ်၊မင်းဝတ်နေကျအဝါရောင်Jerseyရယ်၊အဲဲဒီပုံရိပ်တွေကိုငါအလွတ်ရနေအောင်မှတ်ထားခဲ့ရတာ။ဘယ်တုန်းကမှဘောလုံးပွဲမကြည့်တတ်သူဟာညနေတိုင်းဘောလုံးကွင်းကိုမဖြစ်မနေရောက်ခဲ့တယ်လေ။မင်းများလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။မင်းလာတဲ့နေ့ဆိုရင်မင်းရဲ့ပရိသတ်ဆိုလည်းဟုတ်တယ်လေ။

မြစ်ပွားနာ [Cancer] (U+Z) [completed]Tempat cerita menjadi hidup. Temukan sekarang