အခန်း (၉)

498 38 30
                                    

February, 2020

မင်းနေကောင်းမယ်လို့ငါမျှော်လင့်ပါတယ်။ငါ့ကိုတော့မင်းသိတယ်မလား။ထုံးစံအတိုင်းdramaတွေနဲ့လေ။အဲဒီ dramaတွေဟာ ပြင်ပအရာတွေကြောင့်ဖြစ်တဲ့dramaထက်အတွင်းdramaတွေဆိုတာလဲမင်းသိလိမ့်မယ်။ထုံးစံအတိုင်းကိုယ့်အတွေးနဲ့ကိုယ်မွန်းကျပ်ပြီးကိုယ့်စိတ်ကိုကိုယ်တိုင်ဒုက္ခပေးနေတုန်းဆိုပါတော့ကွာ။မတတ်နိုင်ဘူးဆဲမူးလ်ရေ စိတ်လေစရာစိတ်ကျစရာတွေကိုပဲ ငါ့မသိစိတ်ကတက်မက်နေတယ်ထင်တာပဲ။အဆင်ပြေတည်ငြိမ်နေရင်မနေတတ်မထိုင်တတ်ဘဲ စိတ်လေစရာတွေကြံဖန်တွေးတဲ့အကျင့်လည်းဟိုးတုန်းကအတိုင်း။

မင်းကိုတော့သတိရတယ်။ လွမ်းနေတာဆိုပိုမှန်မှာပေါ့။(မင်းတော့ဒီအသုံးအနှုန်းကိုမကြိုက်လောက်ဘူး) ငါ့ရဲ့ခံစားချက်တွေအကြောင်းမင်းမသိဟန်
ဆောင်ခဲ့တဲ့အတိုင်း ငါလဲထိန်းချုပ်မျိုသိပ်ခဲ့တာ မင်းသိခဲ့မှာပါ။ ဒီတစ်ကြိမ်တော့ ငါ့ကိုဖွင့်ထုတ်ခွင့်ပေးဖို့တောင်းဆိုချင်တယ်...။ ဒီလိုဖွင့်ဟဝန်ခံနိုင်စွမ်းကိုလည်းမင်းအဝေးရောက်နေလို့သာ ငါရခဲ့တာပါ။

မင်းနောက်ဆုံးပြောခဲ့တဲ့စကားကို repeat ဖွင့်ထားတဲ့သီချင်းတစ်ပုဒ်လိုကြားနေတယ်ဆဲမူးလ်ရေ။
"မင်းငါ့ကိုချစ်ခဲ့ပါတယ်"ဆိုတဲ့စကားလေ။ နှစ်တွေအကြာကြီးငါမျှော်လင့်နေတဲ့စကားတစ်ခွန်း မင်းဆီကကြားရရင်တော့ ငါ့ခံစားချက်တွေကိုငါအပြီးအပိုင်မေ့နိုင်လိမ့်မယ်လို့ မကြားခင်အချိန်မှာထင်ခဲ့မိတာပဲ။ တကယ်တမ်းကြားလည်းကြားလိုက်ရတော့ ငါထင်သလိုမဖြစ်ပါဘူးကွာ။ moving on ဆိုတဲ့အရာကိုငါမလုပ်နိုင်သေးဘူး။ မင်းကြားရဖတ်ရခက်မဲ့အသုံးအနှုန်းတွေ ဒီတစ်ကြိမ်ငါမရှောင်တော့ဘူးနော်။ ငါမင်းကိုမေ့ဖို့မဖြစ်နိုင်ဘူးထင်တယ်။

ဟိုးတုန်းကတော့ ငါ့ဘေးမှာရှိနေပေးမယ့်၊ ငါ့ကိုမေတ္တာတွေပေးမယ့်လူတစ်ယောက်မှမရှိလို့ နွေးထွေးခဲ့တဲ့မင်းကိုငါအမြဲတမ်းတနေတာကို ငါနားလည်နိုင်သေးတယ်။ အခုအရင်လိုမဟုတ်တော့ဘဲငါ့ကိုစိတ်ပူတယ်ဆိုပြီးတဖွဖွပြောနေတဲ့ သူတစ်ယောက်ရှိနေရက်နဲ့ မင်းကိုငါဘာလို့လွမ်းနေရသေးတာလဲ၊ ငါ့ကိုယ်ငါလဲနားမလည်ဘူး။ ဆယ်တန်းနှစ်တုန်းကမင်းဆီကရခဲ့တဲ့နွေးထွေးမှုတွေနဲ့ထပ်တူမကျတောင် မလျော့တဲ့နွေးထွေးမှုတွေ သူဆီကငါခံစားနေရတာပဲ။ မင်းနဲ့အတူရှိနေရင်ရခဲ့တဲ့စိတ်လုံခြည်မှုကိုလည်း သူပေးနိုင်တယ်။ ဒါပေမယ့် တစ်ခါတစ်လေမသိလိုက်မသိဘာသာနဲ့ မင်းအကြောင်းတွေးမိနေသေးတာ။

မြစ်ပွားနာ [Cancer] (U+Z) [completed]Donde viven las historias. Descúbrelo ahora