အခန်း (၁၁)

432 26 20
                                    

June, 2011

April, May နှစ်လဟာခဏချင်းကုန်ဆုံးခဲ့ပြီးငါတို့တွေအတွက်အဆုံးအဖြတ်ပေးမယ့်လ၊ အဲဒီလရဲ့အရေးကြီးဆုံးနေ့ကိုရောက်လာခဲ့တယ်။အတိအကျဆိုရင်June 6ပေါ့။ ဆယ်တန်းကျောင်းသားတွေအတွက်ဆယ်တန်းစာမေးပွဲကြီးကရင်တုန်စရာ၊ရင်ခုန်စရာအဖြစ်ဆုံးဆိုရင်စာမေးပွဲအောင်စာရင်းကလည်းမလျော့တဲ့ ပမာဏနဲ့ ရင်ခုန်စရာကြီးပဲ။
တစ်ချို့တွေကသူငယ်ချင်းတွေနဲ့အတူစောင့်စားကြတယ်။တစ်ချို့ကျတော့ဆရာ၊ဆရာမတွေမိဘတွနဲ့။ socialize မဖြစ်တဲ့ငါ့လိုလူကတော့စာမေးပွဲresultကိုအတူရင်ခုန်ရမယ့်လူတော့ဘယ်ရှိမလဲ။ဖြေတုန်းကလိုပဲငါ့အတွက်စိတ်လှုပ်ရှားဖို့
မကောင်းတဲ့စာမေးပွဲresultကိုတစ်ယောက်တည်းပဲစောင့်ဖြစ်တယ်။မင်းများရောက်လာမလားလို့မျှော်မိသေးတယ်ဆဲမူးလ်ရေ။ ဒါပေမယ့်မင်းမရောက်လာပါဘူး။ညကြီးမင်းကြီး ခရားနဲ့တစ်မိုင်ကျော်ကျော်ဝေးတဲ့ငါ့အိမ်ကိုမင်းဘယ်လာနိုင်ပါ့မလဲနော်။

ဘေးမှာသူငယ်ချင်းတစ်ယောက်မှမရှိပေမယ့်ငါ့စိတ်တွေကြည်လင်နေတယ်။ငါ့အမားကမအိပ်သေးဘဲငါနဲ့အတူ သတင်းစောင့်နေပေးတယ်လေ။အဲဒါကငါ့အတွက်တော့ကြီးကြီးမားမားကံကောင်းခြင်းပဲ။ you know I wasn't on speaking terms with my own mother..။တစ်အိမ်ထဲနေပြီးငါ့ကိုအခေါ်
အပြောမလုပ်တဲ့အမားကငါ့ဆယ်တန်းအောင်စာရင်းကိုစိတ်မဝင်စားဘဲတော့မနေဘူး၊ဒါကိုငါသိပါတယ်။ဒါပေမယ့်ငါနဲ့ပက်သက်ရင်ဘာဆိုဘာမှထုတ်မပြတဲ့အမားရဲ့မျက်နှာမှာ မြင်လိုက်ရတဲ့ပူပန်မှုတွေကငါ့အတွက်တော့တန်ဖိုးကြီးတယ်မဟုတ်လား။စောနကအိမ်နီးချင်းတစ်ယောက် ရလဒ်သေချာသိနေတဲ့ငါ့အတွက်ဘာလို့ပူနေရသေးတာလဲလို့မေးလိုက်တာငါကြားသေးတယ်။
အမားကဘာပြန်ဖြေတယ်ထင်လဲ။

"ပူရတာပေါ့ အမရယ်" တဲ့။ အဲဒါလေးပဲ။ အဲဒီစကားလုံးလေးငါးလုံးကြောင့်ဖြစ်သွားတဲ့ငါ့ရင်ထဲကကြည်နူးမှုတွေကိုငါမပြောပြတတ်ဘူး။ အမားငါ့ကိုချစ်တာငါသိတယ်။မချစ်ဘယ်နေမလဲ၊သားအမိမဟုတ်လား။ ဒါပေမယ့်မင်းသိလား ချစ်ခြင်းမေတ္တာဆိုတာ ထုတ်ဖော်ပြမှပြည့်စုံတာမျိူး။ ထုတ်ဖော်ပြသခြင်းမရှိတဲ့ချစ်ခြင်းတွေက အချိန်ကြာလာတာနဲ့အမျှ အေးစက်သွားကြတတ်တာ။အေးစက်မလိုဖြစ်ခဲ့တဲ့ ဆက်ဆံရေးဟာအဲဒီစကားလုံံးလေးလုံးကြောင့် တစ်ဖန်နွေးထွေးလာရတာပါ။

မြစ်ပွားနာ [Cancer] (U+Z) [completed]Donde viven las historias. Descúbrelo ahora