အခန်း (၁၂)

415 30 15
                                    

August, 2008

မိုးရာသီကိုငါမကြိုက်ပါဘူး။ရုပ်ရှင်ကားတွေထဲမှာမိုးရာသီဟာလှသလောက်အပြင်မှာတော့အရုပ်ဆိုးပါတယ်။ရွံ့တွေပွတ်တွေနဲ့လမ်းကိုဖြတ်ပြီးထီးသေးသေးလေးနဲ့ကျောင်းသွားရတာဘယ်နေရာမှာလှနေမလဲ၊မင်းစဉ်းစားကြည့်။မိုးအရမ်းသည်းတဲ့နေ့ဆိုကျောင်းလည်းရောက်တစ်ကိုယ်လုံးလဲရွဲ။ကျောင်းဝတ်စုံများများမရှိတဲ့ငါ့အတွက်အပိုတစ်စုံကျောင်းယူလာဖို့ဆိုတာမဖြစ်နိုင်တဲ့အရာ။ရှိနေတဲ့လေးငါးစုံကိုပဲတစ်ပတ်လုံးလှည့်ဝတ်ရတာဆောင်းနဲ့နွေမှာလွယ်သလောက်မိုးတွင်းမှာခက်တယ်။

မိုးသိပ်မသည်းဘူးဆိုဦးတော့၊အင်္ကျီလုံခြည်အနား
သတ်လေးတော့စိုသေးတာပဲ။

ပြီးတော့ကျောင်းဖွင့်စတစ်လနှစ်လမှာငါအနိုင်ကျင့်ခံရတာ အခြားလတွေထက်အကြိမ်ရေပိုများတယ်။အရင်ကျောင်းတုန်းကငါ့မှာရန်ဖက်မရှိပါဘူး။အတန်းဖော်တွေအားလုံးနဲ့လည်းအဆင်ပြေတယ်။ဒီကျောင်းရောက်တော့မှငါဘာကြောင့်ပြောင်းလဲသွားရသလဲမသိဘူး။ဒေါသထွက်လွယ်လာတယ်။
ဆက်ဆက်ထိမခံတော့ဘူး။ငါ့ကိုစတဲ့လူတွေဆိုစိတ်တိုတိုနဲ့ပြောလွှတ်တာ။အဲဒါတွေကြောင့်ငါ့မှာရန်သူတွေများလာတယ်ထင်ပါတယ်။အခုနှစ်ကတော့အဆိုးဆုံးပေါ့။ငါ့ကိုကြည့်မရတဲ့လူတွေကငါ့ကိုမပေါင်းဘဲရှောင်ဖယ်ကြရုံမဟုတ်တော့ဘူး။အနိုင်ကျင့်ဗိုလ်ကျတာတွေပါလာပြီ။ကျောမှာ၊ဝမ်းဗိုက်မှာ၊ရင်ဘတ်မှာအထိုးခံရတာလဲခဏခဏ။အထိုးခံရများလွန်းလို့ အနိုင်ကျင့်တဲ့လူကိုအဝေးကလှမ်းမြင်ရင်တောင်အနာ‎ဟောင်းထပြီး တစ်ကိုယ်လုံးနာသလို။

ငါရှောင်ကြည့်သေးပါတယ်။ဒါပေမယ့်တစ်ကျောင်းထဲမှာမှစာသင်ခန်းတစ်ခန်းထဲ အတူတက်နေရတဲ့အတန်းဖော်တစ်ယောက်ကို ငါဘယ်လောက်ကြာကြာရှောင်နိုင်မှာလဲ။အခုဆိုစာသင်ချိန်ဆရာရှိနေရက်နဲ့အထိုးခံရ၊အရိုက်ခံရတာ။နောက်ဆုံးခုံအလှည့်ကျတဲ့ရက်ဆိုကျောင်းတောင်ထွက်လိုက်ချင်တယ်။နောက်ဆုံးအတန်းကျတဲ့အလှည့်ကျောင်းပြေးရတာလဲများနေပါပြီ။ဒီအကြောင်းတွေဆရာမတွေကိုပြောပြဖို့ငါစဉ်းစားဖူးတာပေါ့။"နင်ကဘာသွားလုပ်မှန်းမှမသိတာ" "ဖြစ်မှာပေါ့ ဆက်ဆက်ထိမခံဖြစ်နေတာကိုး" "ဟိုကစတာနည်းနည်းသူကများများ" စတဲ့စတဲ့စကားတွေပဲကြားခဲ့ရတဲ့မနှစ်ကအဖြစ်ဟာ ငါ့ကိုသတိပေးတယ်။တစ်ချို့ဆရာတွေကတော့ ငါ့ဘက်ကစရှောင်ကြည့်ဖို့ဖြောင်းဖြတာတော့ရှိပါရဲ့။ ဘယ်သူမှတော့နောက်တစ်ခါဒီလိုမဖြစ်အောင် မလုပ်ပေးနိုင်ဘူးလေ။ကိုယ့်ကိုယ်ကိုခုခံဖို့လည်း "ရန်ဖြစ်ရင် နှစ်ဖက်လုံးရုံးခန်းပဲ"ဆိုတဲ့စည်းကမ်းကိုကြောက်ရတော့။၅တန်းတုန်းကဖြစ်ခဲ့တဲ့ကိစ္စကိုလည်းငါဘယ်မေ့မလဲ။ဗိုလ်ကျတာာကိုမခံနိုင်လို့ခုခံလိုက်တော့ ငါအပြစ်ပေးခံလိုက်ရတယ်လေ။ဘာတွေဖြစ်ခဲ့သလဲသူတို့နားထောင်ပေးမှာမဟုတ်ဘူး။ရန်ဖြစ်ရင်ဖြစ်တဲ့နှစ်ဖက်လုံးကောင်းကောင်းအပြစ်ခံပေတော့ပဲ။ကံဆိုးရင်ငါတစ်ယောက်တည်းအပြစ်ပုံချခံရတာ။အတန်းဖော်တွေကြားသာမကဘူး၊ဆရာတွေကြားမှာလည်းငါမျက်နှာငယ်တယ်။ငါသတိထားမိပါတယ်။သတိမထားမိဘဲဘယ်နေမလဲလေ။အမေပြောပြောနေကျ ဆင်းရဲသွားလို့ဆိုတာကြောင့်လားမသိပါဘူး။

မြစ်ပွားနာ [Cancer] (U+Z) [completed]Donde viven las historias. Descúbrelo ahora