အခန်း (၄)

572 52 25
                                    

January, 2020

ခရားအတွင်းကပြန်ရောက်လာတာလည်းရက်သတ္တပတ်၂ပတ်ရှိပြီ။အတိအကျဆိုရင် ၁၇ရက်လွန်ခဲ့ပြီ။ဒါပေမယ့်ရက်ပိုင်းလေး နေဖြစ်ခဲ့တဲ့ခရားအတွင်းတုန်းက အဖြစ်အပျက်တွေကတော့ ဘားအံထိကျွန်တော့်နောက်ကို လိုက်လာတာ။ စိတ်ဆိုတာလည်းအခက်သား။ ရင်ဆိုင်ဖို့ခက်ပြီး၊မရင်ဆိုင်ချင်သည့်အကြောင်းတရားကိုပဲသူကသဘောကျဟန်တူတယ်။

စမတ်ဖုန်းဓာတ်စက်မှကြားနေရတဲ့သီချင်းကလည်း စိတ်ကလိုအပ်နေတဲ့ လောင်စာတွေကို
ထိုးကျွေးနေတဲ့အတိုင်းပါပဲလား။

သီချင်းက "သံမဏိလိပ်ပြာ"တဲ့။ မူရင်းတေးရေးဆရာရဲ့အဓိပ္ပာယ်ကတစ်မျိုး ဒီသီချင်းစကြားကတည်းက ကျွန်တော့်စိတ်မှာအဓိပ္ပါယ်ဖော်ထား
တာကတစ်မျိုး။

စစ်မှန်တဲ့တရားခေါင်းမှာထည့်ပြီးတွေးပါ
သူအမြဲပြောပါတယ်...

သီချင်းကြောင့်ကျွန်တော့်စိတ်ထဲပေါ်လာတဲ့ပုံရိပ်ဟာ မူရင်းအဆိုတော်ရည်ရွယ်ထားတဲ့ တိုင်းရေး
ပြည်ရေးအတွက် အလုပ်ကြိုးစားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မဟုတ်ဘူး။ အဖေ stroke နဲ့ဆုံးပြီးကတည်းက တစ်ချက်ကလေးမယိမ်းမယိုင်ဘဲ သားသမီးတွေအတွက်ရုန်းကန်ခဲ့တဲ့ ကျွန်တော့်အမိုးကိုပါ။

ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ သီချင်းဆိုပေမယ့် ချစ်ခြင်းတွေကင်းမဲ့သွားရင်တော့ ဘယ်အဓိပ္ပါယ်ရှိနိုင်ဦးမလဲ။ မဟုတ်ဘူးလား

ဒီတော့ သီချင်းကို ကျွန်တော်တစ်ပုဒ်ကျော်လိုက်တယ်။

"မျှော်နေသူအိပ်ပျက်ညများ များနေပြီ..."

နောက်တစ်ပုဒ်မှာလည်းရက်ရက်စက်စက်တိုက်မှ တိုက်ဆိုင်တတ်တယ်။ နာမည်သိပ်မကြီးတဲ့မိန်းကလေးအဆိုရှင်တစ်ယောက်ရဲ့သီချင်းကောင်းတစ်ပုဒ်။

မင်းအတွက်နဲ့ဆိုကိုယ့်အသည်း နောက်ဆုံးထိ
ခိုင်တည်ဆဲပါ ချစ်ဦးသူရေ

ဆွေးဆွေးမြေ့မြေ့ ထိထိခိုက်ခိုက်ကြားနေရတဲ့သီချင်းသံဟာ ကျွန်တော့် မှတ်ဉာဏ်ဟောင်းကိုလှုပ်ခါထိုးနှက်နိုင်လွန်းတယ်။

မြစ်ပွားနာ [Cancer] (U+Z) [completed]Donde viven las historias. Descúbrelo ahora