အခန်း (၇)

473 47 24
                                    

January, 2020

ကျောင်းဆီဧည့်သည်လိုက်လာတာ ရှားတော့ဘယ်သူဖြစ်မလဲစဉ်းစားလိုက်သေးတယ်။ ခဏအတွင်းမှာအဖြေတွေ့တယ်။ ဟိုချာတိတ်ကလွဲပြီး ဘယ်သူများရှိဦးမှာလဲ။ လုပ်ချင်ရာ ချက်ချင်းအကောင်အထည်ဖော်တတ်တဲ့သူ့အကျင့်ကို အချိန်တိုအတွင်းမှာ ကျွန်တော်သိနေပြီလေ။

အမှန်ကိုဝန်ခံရရင်ကျွန်တော့်ခြေလှမ်းတွေမြန်နေတာပါ။ခြေလှမ်းပဲလားဆိုရင်တော့ ဘယ်ဟုတ်ပါ့
မလဲ။တွေ့ဆုံမှုကရက်ပိုင်းသာရှိပေမယ့်ကျွန်တော့်စိတ်ကိုသူ့လွှမ်းမိုးနိုင်လွန်းတယ်။သူရဲ့လွှမ်းမိုးနိုင်မှုကို ကျွန်တော်ကိုယ်တိုင်အံ့ဩရတဲ့အထိ။နှစ်ယောက်မှာအသက်ကြီးသူကကျွန်တော်ဖြစ်ပေမယ့်သူနဲ့အတူရှိတဲ့အချိန်မှာကိုယ့်ကိုယ်ကိုအသက်ကြီးတယ်ဆိုတဲ့အချက်ကိုမေ့သွားတတ်တာများတယ်။သူ့ရှေ့မှာဆိုကလေးအထာဖမ်းချင်နေတာမျိုးပေါ့။

ကျွန်တော်ရဲ့မကောင်းတဲ့ obsession အားလုံးကိုသူနဲ့အစားထိုးလာစေရမယ်ဆိုပြီးအသေအချာပြောသွားတဲ့လူက တစ်ပတ်ဆယ်ရက်လောက်လှလှပပ ပျောက်သွားတဲ့အကြောင်း ရစ်ပေးလိုက်မယ်တွေးလိုက်ပါရဲ့။

သူရှိနေတဲ့ကျောင်းဆောင်နဲ့အနည်းငယ်လှမ်းတဲ့မလေးပိတောက်ပင်အောက်ရောက်တော့ စဉ်းစားထားတဲ့စကားတွေကိုဖွင့်ထုတ်မပြောခင် ကျောပေးနေရာက‎ သူကျွန်တော့်ဘက်လှည့်လာတယ်။

Shit! It's not him.

"မင်းအားတယ်မလား"

ဘာကြောင့်မှန်းမသိကျွန်တော်ခေါင်းညိတ်မိပြီ
ထင်တယ်။သူလက်ထဲကဆိုင်ကယ်ဦးထုပ်ကျွန်တော့်ကိုချက်ချင်းကမ်းပေးတယ်လေ။

What are you doing here, Sell Moo?

သူလှမ်းပေးတဲ့ Helmetကိုမဆိုင်းမတွယူလိုက်ပေမယ့်သူ့ sport bike ပေါ်မတက်ဖြစ်ဘဲ ကြောင်ပြီးရပ်နေတယ်။

"တက်လေ ဝီရ"

သူတစ်ယာက်တည်းကလွဲပြီးဘယ်သူမှမခေါ်တဲ့ အဖေပေးတဲ့မွန်နာမည်။ အတိတ်ကိုရုပ်ရှင်ပိတ်ကားလိုထင်ဟပ်ပြတတ်တဲ့နာမည်ကို မခေါ်တော့ဖို့လည်းငါမပြောမိဘူး။ အဲဒီအစား မင်းရဲ့ Honda CPR 600RR ပေါ်ကိုငါရောက်သွားပြီ။ ဟိုးတုန်းကတော့ငါနားမလည်ရတဲ့လူကမင်းပေါ့။ အခုတော့ ငါနားမလည်တဲ့လူဟာ ငါကိုယ်တိုင်ပါပဲ။

မြစ်ပွားနာ [Cancer] (U+Z) [completed]Where stories live. Discover now