အခန်း (၈)

451 37 8
                                    

February, 2020

တစ်ယောက်တည်းရှိနေရင် လုပ်တတ်တဲ့အကျင့်အတိုင်း လက်ကိုင်ဖုန်းဓတ်ဆက်ဖွင့်ဖြစ်မယ်၊ ပြီးရင်ကျွန်တော်သိပ်ကြိုက်တဲ့ Dunhill အမှတ်အသားပါ Tobacco ကိုတစ်လိပ်ပြီးတစ်လိပ်ရှိုက်မယ်။စီးကရက်နဲ့မရောင့်ရဲနိုင်ရင်တော့စုထားတဲ့ black label တွေ Regency ပုလင်းတွေထုတ်ဖြစ်လိမ့်မယ်။ ကျွန်တော်ရဲ့စနေနေ့ဟာ ဘာမှထူးထူးခြားခြားမရှိဘူး။ သာမန်ပျင်းဖို့ကောင်းတဲ့ ညချမ်းလေးပဲ။ လူကငြိမ်နေသလို စိတ်သည်လည်းငြိမ်နေတယ်ဆိုရမယ်။ ငြိမ်တယ်ဆိုပေမယ့် ဟိုဟိုဒီဒီရောက်နေတုန်းပေါ့။ ခါတိုင်းလို
ပြန်မရနိုင်တဲ့အတိတ်ကိုမတမ်းတမိတာပဲရှိတယ်။

ဆဲမူးလ်လည်း Korea ရောက်တာတစ်လရှိပြီဆိုတော့ သူနှုတ်ဆက်ခဲ့တဲ့နေ့ကအဖြစ်အပျက်တွေ၊ သူချန်ထားခဲ့တဲ့စကားတွေက ကျွန်တော့်ကိုဒုက္ခမပေးနိုင်ကြတော့ပါဘူး။ ခံစားချက်တွေလည်းငြိမ်ကျနေခဲ့ပြီ။ အနေနီးလာရင်အနာဟောင်းလိုပြန်ပေါ်လာတတ်တဲ့ အဲဒီ့ခံစားချက်တွေ နောက်သုံးလေးနှစ်အထိတော့ ဆက်ပြီးငြိမ်သက်နေလိမ့်မယ်။ဆဲမူးလ်နဲ့နောက်တစ်ကြိမ်ဆုံဖို့ သုံးလေးနှစ်ထက်လည်းပိုကြာချင်ကြာသွားလိမ့်မယ်။

ခန္ဓာကိုယ်တွင်းမှာလဲ chemical ပြတ်လပ်မှုကိုဘယ်လိုမှ
မတုံံ့ပြန်ကြတော့ဘူး။ တက္ကသိုလ်နောက်ဆုံးနှစ်တုန်းကလို ရင့်ကျက်တည်ငြိမ်မှုမျိုး ပြန်လည်ခံစားနေရပြီ။

ဖွင့်တဲ့သီချင်းတွေကို ဆန်းစစ်ပြီးနားထောင်သူအကြိုက်ဖြစ်လောက်မယ့် သီချင်းတွေချည်းရွေးဖွင့်ပြတတ်တဲ့ ဖုန်းဓတ်စက်မှာလည်း စိတ်ညစ်ညူးစရာသီချင်းတွေမလွှင့်လာတော့ဘူး။ ဒီရက်သတ္တပတ်အတွင်း စိတ်ညူးစရာသီချင်းတွေနားမထောင်ဖြစ်တဲ့ သက်သေပေါ့။

အခုအချိန်မှာကျွန်တော်ယုံကြည်နေတဲ့စကားတစ်ခွန်းကိုမေ့နေခဲ့တာအမှန်ပါ။ "မုန်တိုင်းတွေပြီးရင်လေပြည်တွေလာမယ်"ဆိုတဲ့စကား။ အားတတ်စရာစကား၊ အားငယ်သူကိုအားပေးကြတဲ့အဲဒီစကားဟာ ပြောင်းပြန်လှန်အဓိပ္ပါယ်ကောက်ရင်လည်း မှန်တတ်တယ်မဟုတ်လား။ အဲဒါကိုကျွန်တော်လုံးဝသတိမရခဲ့တာပါ။

မြစ်ပွားနာ [Cancer] (U+Z) [completed]Donde viven las historias. Descúbrelo ahora