chemo part (2) : a devil and his old soul lover

147 10 29
                                    

၂၀၂၅

"အရာရာအားလုံး ဘယ်နေ့မှာစပြီး သိသိသာသာပြောင်းလဲသွားတယ်လို့ မင်းထင်လဲ နေ့ဒဓူဝမှာအရင်လိုမဟုတ်တော့ပါလား ဆိုတဲ့အသိဆိုပါတော့ ရက်အတိအကျမသိရင်တောင်ခန့်မှန်းခြေပေါ့"

therapist ဆရာမရဲ့စကားကြောင့်လား၊အခန်းထဲမှာသိသိသာသာတိုးထားတဲ့လေအေးပေးစက်ကြောင့်ပဲလား၊ ကျွန်တော့်လက်ဖျားတွေအေးစပြုနေပြီ။အနည်းငယ်လည်းကတုန်ကရင်ဖြစ်ချင်နေသလို။အလျားပေ၄၀,အရှည်ပေ၄၀ရှိတဲ့အခန်းထဲမှာအဲကွန်ဒစ်ရှင်းနာလည်ပတ်နေတဲ့အသံရယ်၊စောစောကကျွန်တော့်အတွက်ထည့်ပေးလိုက်တဲ့ကော်ဖီမိတ်ကာဆီကနေလက်ကျန်ကော်ဖီစက်တွေဖြည်းဖြည်းမှန်မှန်ယိုကျနေတဲ့အသံကိုသဲသဲကွဲကွဲကြားနေရတယ်။

၃ကြိမ်မြောက်ထိ Counselling session ယူထားပြီးပြီမို့ဒီအရာတွေနဲ့ကျွန်တော်အသားကျခဲ့ပါပြီ။ဒီအရာဆိုတာကိုယ့်ဘဝအကြောင်းဖြစ်ကြောင်းကုန်စဉ်ကိုသူစိမ်းလူတစ်ယောက်ကိုအသေးစိတ်ပြောပြရတာကိုဆိုလိုတာပါ။ကိုယ့်အကြောင်းကိုထုတ်ချဖို့အရင်နှစ်လလောက်မခက်ခဲတော့တဲ့အတွက် ဆရာမကလည်းကျွန်တော့်ကိုတစ်ဆင့်ပြီးတစ်ဆင့် ချဲလမ်းလုပ်နေတာပါ။

"ကိုယ့်ကိုယ်ကိုယ်အရမ်းမတိုက်တွန်းပါနဲ့ စိတ်ထဲမှာပေါ်လာသလောက်ပေါ့ သက်တောင့်သက်သာရှိသလောက်ပဲပြောစေချင်တယ်"

ကျွန်တော့်ဘဝဟာဘယ်အချိန်မှာစပြီးသိသိသာသာပြောင်းလဲခဲ့တယ်လို့ထင်သလဲတဲ့။ဒီမေးခွန်းကိုကြားတဲ့အခါအတိတ်ကိုနောက်ထပ်တစ်ခါပြန်ဖြတ်သန်းရသလို၊ပုံရိပ်အဟောင်းတွေကိုရှင်းရှင်းလင်းလင်းမြင်လာရတယ်။ ရုတ်တရတ်အသက်ရှုကြပ်သလိုဖြစ်လာတယ်။လည်မျိုကိုမမြင်ရတဲ့လက်တစ်စုံစုံ၊ကြိုးတစ်စစဖြစ်ညှစ်ထားသလို။

အသက်ရှုသံတွေချက်ချင်းမြန်လာတဲ့အခါကိုယ့်စိတ်ကိုငြိမ်အောင်ထိန်းဖို့ရာလမ်းစရှာရတယ်။သိပ်တော့မရှာလိုက်ရပါဘူး။လွန်ခဲ့တဲ့နာရီဝက်တုန်းကကျွန်တော့်ကိုလသာကဒီဆေးခန်းထဲကိုပို့ပေးခဲ့တဲ့သူ့ရဲ့မျက်နှာကိုစိတ်မှန်းမြင်ကြည့်လိုက်တာနဲ့အခုန်မြန်နေတဲ့နှလုံးခုန်သံကဖြည်းဖြည်းမှန်မှန်ပြန်ဖြစ်ရတယ်။

မြစ်ပွားနာ [Cancer] (U+Z) [completed]حيث تعيش القصص. اكتشف الآن