Uni
တစ်ရက်ပြီးတစ်ရက်..ရက်အလီလီကုန်ဆုံးပြီးနောက်ဆုံး..တော့သူတို့အားလုံးရဲ့..အထက်တန်းဒုတိယနှစ်ရဲ့စာမေး...ပွဲကြီးဟာလည်းပြီးသွားခဲ့ ပြီဖြစ်တယ်။
"နောက်ဆုံးတော့..စာမေးပွဲကြီးပြီးပြီ"
"အထက်တန်းနောက်ဆုံး...နှစ်တက်ဖို့ကျန်သေးတာဆိုတာလည်း သတိရအုံး"
"အား..သိပါတယ်..စာမေးပွဲပြီးတဲ့အချိန်ခဏလောက်
ပျော်ပါရစေအုံး"အခုပြောနေတာတာကတော့...ရှောင်းကျန့်နဲ့ရီဖုန်းပဲဖြစ်သည်။ရိပေါ်ကတော့အဆိုးလေးကိုသူနိုင်ငံခြားသွားဖို့ဘယ်လို..ပြောရမလဲဆိုတာစဉ်းစားေနသည်။ယွီရှင်း
ကတော့..တစ်ပတ်နှစ်ပတ်လောက်အေးအေးဆေးဆေး
နားပြီးလျှင်...အထက်တန်းနောက်ဆုံးနှစ်စာတွေလေ့လာဖို့ဆုံးဖြတ်ထားသည်။သူ့ရဲ့ဆရာ၀န်ဖြစ်ချင်တဲ့
ရည်မှန်းချက်..ကြောင့်လည်းပါသည်။"ငါတို့ဒီနေ့...ဦးနှောက်ဆေးတဲ့အနေနဲ့ရုပ်ရှင်သွားကြည့်ကြမယ် ဘယ်လိုလဲ"
"အဲ့အကြံကောင်းတယ်..ငါလက်ခံတယ်"
"ရိပေါ်.ယွီရှင်းမင်းတို့လည်း သဘောတူတယ်မလား"
ယွီရှင်းပြုံးရုံလောက်သာပြုံးပြီ...သွာကြတာပေါ့လို့ပြောသည်။
"ရိပေါ်မင်းရော..လိုက်မယ်မလား"
"ငါလိုက်လို့ရမယ်မထင်ဘူး...ရှောင်းကျန့်"
"ဟမ်...ဘာဖြစ်လို့လဲ"အားလုံးကသူ့ကို့?ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်ကြသည်။
"ရိပေါ်ဘာဖြစ်လို့မလိုက်...တာလဲအရင်တုန်းကဆိုရှောင်းကျန့်ဘယ်သွားမယ်ပြောပြော...သွားမယ်ဆိုကြီးပဲ"
"ငါ..ငါမနက်ဖြန်မနက်ငါ့အဘွားရှိတဲ့စင်ကာပူကို ခဏလောက်သွားရမယ်"
"ဘာဖြစ်လို့ငါ့ကို...မပြောရတာလဲ"
သူတို့ကသူငယ်ချင်းဆိုပေမဲ့...ငယ်ငယ်ထဲကအတူတူကြီးပြင်းခဲ့တော့..သူတို့နှစ်ယောက်မရှိရင်မနေတတ်တော့ဘူး..အခုရိပေါ်မရှိတဲ့ကျန်တဲ့အချိန်တွေကို..သူဘယ်လိုကုန်ဆုံးရမှာလဲ။နှစ်ယောက်လုံးကသူ့အတွက်မရှိမဖြစ်ဆိုပေမဲ့...ယွီရှင်းအပေါ်ဆိုးရတာထက်
ရိပေါ်အပေါ် ဆိုးရတာကိုသူပို..သေဘာကျသည်။
YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Romanceဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။