Uni
"ဟုတ်တယ်မဟုတ်လား..နင်တို့နှစ်ယောက်ကသူ့ကိုအဲ့လိုေတွလုပ်ေပးတာသူကမလုပ်တတ်မကိုင်တတ်လို့လဲ..မဟုတ်၊ပြီးတော့နင်တို့ကသူ့ရည်းစား..လည်းမဟုတ်အဲ့ကြောင့်မလို့မေးတာ"
စူးမေဟွားရဲ့တည့်တိုးပြောမှုကြောင့်..သူတို့နှစ်ယောက်မှာဘာလုပ်လို့ဘာကိုင်ရမှန်း..မသိအောင်ပင်ပြာယာခတ်သွားစေသည်။နောက်တော့ရိပေါ်ကအရင်..စပြီးဖြေရှင်းချက်ထုတ်သည်။
"အဟမ်း..အဲ့.အဲ့တာကရှောင်းကျန့်ကငယ်ငယ်ထဲက..ငါတို့သူငယ်ချင်းဖြစ်လာတော့ဆိုတော့..ပြီးတော့လည်းသူ့ကိုငယ်ငယ်ထဲက..လုပ်ပေးနေကြမလို့အကျင့်ပါသွားတာ"
"ဟုတ်တယ်မလား..ယွီရှင်း"ရိပေါ်ရဲ့အမေးကို..ယွီရှင်းကလည်းချက်ချင်းထဖြေသည်။
"အင်း..ရိပေါ်ပြောသလိုပဲငါတို့ကငယ်ငယ်ထဲကရှောင်းကိုလုပ်ပေးနေကြမလို့"ဒါတောင်စူးမေဟွားကမယုံချင်သေးဘူး။
"ဟင်း..နင်တို့သူငယ်ချင်းကိုခင်တဲ့ပုံစံကြီးကလည်း"
"နင်မပြောနဲ့ငါတောင်..ဒီကောင်တွေနဲ့သူငယ်ချင်းစဖြစ်တုန်းကနင့်လိုပဲ..သူတို့ပြောသလိုစိတ်ထဲမှာထင်တာကြောင့်..မမေးဖြစ်တာ"
ရှောင်းကျန့်ကတော့သူတို့ရဲ့..စကားဝိုင်းကိုဝင်မပြောဖြစ်။ရှောင်းကျန့်ကသူထမင်းစားနေပြီဆိုရင်..အစားကိုပဲအာရုံစိုက်ထားလေ့ရှိတယ်။သူ့ကိုလာပြောမှ..တစ်ခွန်းနှစ်ခွန်းပြန်ပြောလေ့ရှိတယ်။
နောက်တော့သူတို့ကျန်တဲ့..အတန်းချိန်တွေကိုတက်ပြီးတော့နေ့တစ်နေ့ရဲ့..ကျောင်းတက်ချိန်ပြီးသွားခဲ့သည်။
************************
ရှောင်းကျန့်အိမ်ပြန်ရောက်တော့..ရေချိုးထမင်းစားပြီးတာနဲ့တစ်နေ့စာပြန်လုပ်ဖြစ်သည်။ရှောင်းကျန့်ကစာသာကျောင်းမှာသေချာမလုပ်တာ..အိမ်ရောက်ရင်တစ်နေ့စာတစ်နေ့ပြန်လုပ်တာကြောင့်..ကျောင်းမှာရိပေါ်နဲ့ယွီရှင်းတို့လိုပင် အဆင့်ကောင်းရသည်။စာတွေလုပ်ပြီးသွားတော့..သူဖတ်နေကြnovelစာအုပ်တွေကလည်းဖတ်ပြီးသွားပြီ..ဖြစ်တာေကြာင့်weiboခဏ
လောက်ကြည့်နေတဲ့အချိန်..ရိပေါ်စီက"မအိပ်သေးဘူးလား"ဆိုတဲ့စာဝင်လာတာကြောင့်"အင်း..အိပ်မပျော်သေး"လို့ဆိုပြီးစာပြန်ပို့ဖြစ်သည်။
______________________________
YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Любовные романыဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။