Uni
ရှောင်းကျန့်အခု..ရင်တွေတော်တော်ခုန်နေတာဖြစ်တယ်။အရင်တုန်းကရိပေါ်ကVcမခေါ်ဖူးဘူး၊ခေါ်ရင်လည်းသူငယ်ချင်းတွေအားလုံးပေါင်းပြီးVcခေါ်ကြတာ။အခုသူ့ကိုရိပေါ်ကသူစာပြန်ပြီး..အနည်းငယ်အကြာမှာVcခေါ်လာတာ..ကြောင့်ရင်တွေတုန်သလားလို့နောက်ဟာနောက်မှရှင်း ဆိုပြီးအခုတော့အဝင်callကို
ရွေ့လိုက်သည်။"ရှောင်းကျန့်..ထမင်းစားပြီးပြီလား၊ရေကောချိုးပြီးပြီလား"
*ဘယ်လိုဖြစ်လို့အရမ်းတွေဂရုစိုက်နေတာလဲ၊အရင်ကလိုဘဲပုံမှန်ပြောစမ်းပါ..*
"အင်း..စားပြီးသွားပြီ၊ရေလည်းချိုးပြီးသွာပြီး"
"စာတွေရောနားမလည်တာရှိ..သေးလားရှိရင်ငါမင်းအိမ်လာပြီးစာရှင်းပြမယ်"
"ဒီအချိန်ကြီးမလာနဲ့တော့လေ..စာလည်းနားလည်ပါတယ်"
နောက်ပိုင်းသူတို့မအိပ်မချင်းစကားတွေပြောပြီး..10နာရီလောက်မှဖုန်းချပြီးအိပ်ကြသည်။သေချာတာကတော့..ကောင်လေးနှစ်ယောက်လုံးအိပ်ခါနီးတောင်
အပြုံးတွေလှနေခဲ့သည်။_________________________________
"ရှောင်းကျန့်..မင်းအတွက်မနက်စာငါယူပေးထားတယ်"
"အမ်..ကျေးဇူး"
"ခဏငါbanana milkသွားဝယ်"
"ငါဝယ်ပြီးသွားပြီ..ရှောင်းကျန့်"
"ဝမ်ရိပေါ်မသိရင်..ရှောင်းကျန့်ကဘာမှမလုပ်တတ်တဲ့လူကြနေတာဘဲ"
မနက်ပိုင်းကျောင်းခေါင်းလောင်း..မထိုးသေးလို့ကန်တင်းမှာမနက်စာစားနေတုန်း..ရိပေါ်ကရှောင်းကျန့်ကိုအရင်နေ့တွေထက်ပိုပြီး..ဂရုစိုက်နေတာကြောင့်မေဟွားကမျက်စိဆံပင်မွေး..ဆူးသလိုဝင်ပြောသည်။ရှောင်းကျန့်ကိုကြည့်တော့လည်း..နားရွက်တွေနီပြီးရှက်နေတယ်..ယွီရှင်းကြတော့လည်းမျက်နှာအနည်းငယ်ပျက်နေပြီး ရိပေါ်ကြတော့ရှောင်းကျန့်ကိုဒီနေ့မှသိသိသာသာ..ဂရုစိုက်နေတယ်။ငါစူးမေဟွားတွေးရင်မမှန်ဘူးဆိုတာ မရှိဘူး။ဒီသုံးယောက်ကြားမှာတစ်ခုခုတော့တစ်ခုခုဘဲ။
YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Romanceဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။