Uni
"မင်း!...ရိပေါ်"
"အာ..ကိုယ့်ကိုမှတ်မိသားပဲအချစ်ကကိုယ်ကအချစ်ကိုယ့်ကိုမေ့သွားပြီထင်နေတာ"
"မှတ်မိတာပေါ့...ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကြီးကိုမမှတ်မိပဲနေပါ့မလား"
ရှောင်းကျန့်ရဲ့စကားကြောင့်ရိပေါ်ကစိတ်ထဲနည်း"တော့မကျေမနပ်ဖြစ်သွားတယ်။အကြောင်းအရင်းကတော့သူရှောင်းကျန့်ကိုချစ်တာသိရဲ့သားနဲ့Friend zoneထဲထည့်ပစ်တာပဲ။အခုလည်းကြည့်ဟင်း ဟင်း..မလောပါဘူးကိုယ်မင်းဆီကိုအစကနေတစ်လှမ်းချင်းပြန်ဝင်လာမှာအချစ်ရဲ့...
အင်း..အချစ်အဲ့နာမ်စားလေးကလည်းကိုယ်မင်းကိုစချစ်မိတဲ့အချိန်ထဲကကိုယ်မင်းကိုခေါ်ချင်တဲ့မင်းအတွက်နာမ်စားလေးတစ်ခုပဲ။
ရှောင်းကျန့်ကဝမ်ရိပေါ်နဲ့အလုပ်ကိစ္စဆွေးနွေးပြီးတာနဲ့အိမ်ပြန်ဖို့ကိုအဆင်သင့်ပြင်လိုက်တယ်။
"အဲ့ဆို..ငါသွားပြီနောက်ရက်ကျရင်designအကြမ်းပုံတွေကိုEmailကနေငါပို့လိုက်မယ်"
"ဟင်..သွားတော့မလို့လားအခုမှငါတို့တွေ့ရတာကို"
"အင်း..ပြန်ရောက်တာမကြာသေးတော့ငါအေးဆေးနားချင်လို့နောက်အဆင်ပြေတဲ့တစ်ရက်မှဟိုနှစ်ယောက်ပါခေါ်ပြီးသေချာတွေ့ကြတာပေါ့"
"အဲ့ဆိုလည်းကောင်းပါပြီဗျာ..ငါအိမ်ပြန်လိုက်ပို့ပေးရမလား"
"ငါကားပါတယ်အဲ့ကြမလို့"
"ဟုတ်ပြီ..သေချာသွားအုံးပြန်ရောက်ရင်လည်းငါ့ကိုဖုန်းဆက်အုံး"
"အင်းပါ...အဲ့ဆိုသွားပြီနော်ရိပေါ်"
ရှောင်းကျန့်ကရိပေါ်ကိုနှုတ်ဆက်ပြီးတာနဲ့ရပ်ထားတဲ့ကားပေါ်တက်ပြီးအခုန်မြန်နေတဲ့သူ့ရင်ဘက်ကိုသေချာဖိထားရတယ်။ကားဆီမရောက်ခင်လမ်းတစ်လျှောက်လုံးအဲ့ရင်ဘက်ကခုန်နေတာပဲ။
အမှန်တကယ်တော့သူ့ရိပေါ်ကိုတွေ့တာနဲ့ဘာမှမလုပ်နိုင်အောင်ရှော့ဖြစ်သွားတာပြီးတော့ရိပေါ်ကသူ့ကိုခေါ်လိုက်တဲ့"အချစ်"ဆိုတဲ့နာမ်စား။နောက်မှသူ့စိတ်ကိုသူထိန်းပြီးအဆင်ပြေသလိုဘာမှမဖြစ်သလိုဟန်ဆောင်ရတာ။တကယ်တော့သူရင်ဘက်ထဲနှလုံးခုန်သံတွေဝုန်းဒိုင်းကြဲနေတာသူပဲသိတယ်။ရိပေါ်ကြားသွားမှာစိုးလို့သူ့မှာစိုးရိမ်နေရသေးတယ်။
YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Romanceဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။