Chapter_13

143 4 0
                                    

Uni

အရင်ရက်တွေမှာတော့..သူတို့နှစ်‌‌ေယာက်လည်းပုံမှန်အတိုင်း..ဖြစ်သွားကြသည်။ဟိုနေ့ကအဖြစ်အပျက်ကို..သူလည်းသိပ်ပြီးသတိမရသလို.ရိပေါ်လည်းသိပ်သတိမထားမိတော့ဘူးလို့သူထင်တယ်။

"မနက်ဖြန်ကျောင်းပိတ်တော့..ရုပ်ရှင်သွားကြည့်ရအောင်"

"နင်တို့မိန်းကလေးတွေကလေ..ဟိုသွားမယ်ဒီသွားမယ်နဲ့တစ်နေ့တစ်မျို့းမရိုးရအောင်ပဲ စာ‌ကိုသေချာလုပ်မယ်ဆိုတာမရှိဘူး"

"အံမယ်နင်ကငါ့ကိုအဲ့လို‌ေပြာရအောင်..နင်ရောစာကိုသေချာလုပ်လို့လား ဟွန့်"

"မေဟွားပြောတဲ့အကြံကမဆိုးဘူး..ငါတို့ကျောင်းပိတ်တဲ့တစ်ရက်ရက်ရုပ်ရှင်သွားကြည့်..ရအောင်"

"အင်းအဲ့ဆို..မနက်ဖြန်ဆိုရင်"

"ကောင်းတယ်..ရိပေါ်၊ယွီရှင်းမင်းတို့လည်း လိုက်မယ်မလား"ရှောင်းကျန့်ရဲ့အမေးကို..နှစ်ယောက်စလုံးက"မင်းသဘော"ဆိုပြီးပြန်ဖြေသည်။

"သူတို့ကိုသွားမမေးနဲ့..သူတို့ကနင်ပါရင်ငရဲပြည်သွားရင်တောင် လိုက်မယ်ဆိုတာငါသိတယ်"

"ပြီးတော့ဟိုတစ်ယောက်လိုက်မယ်..မလား"စူးမေဟွားကရီဖုန်းကိုဘုတောတောကြည့်ပြီးပြောတယ်။

"လိုက်ချင်လို့တော့မဟုတ်ဘူးနော်..ငါမပါရင်မင်းတို့ပျင်းနေမှာဆိုးလို့"

"လေကြီးလေကျယ်နဲ့..လိုက်ချင်တယ်ဆိုရင်လိုက်ချင်တယ်ပေါ့"

အဲ့လိုနဲ့ပဲကျောင်းပိတ်ရက်ပထမနေ့ကမှာတော့သူတို့ရုပ်ရှင်ရုံ..သွားကြသည်။ရုပ်ရှင်ကြည့်ပြီးအပြန်မှာနောက်နေ့ကိုသူတို့ယွီရှင်းရဲ့အိမ်မှာဆုံဖို့..ပြောထားကြသည်။

"သားကျန့်..သူငယ်ချင်းတွေအိမ်သွားတော့မလို့လား"

"မဟုတ်ဘူးဦလေးကျားရီဒီနားကစာအုပ်ဆိုင်ကို..သွားမလို့သူငယ်ချင်းတွေဆီကိုနေ့လယ်မှသွားမှာ"

"အေး..အေးဂရုစိုက်သွား"

"ဟုတ်.."

သူငှားဖတ်နေကြ..စာအုပ်ဆိုင်ကသူတို့ရဲ့တစ်လမ်းအကျော်မှာပဲရှိသည်။သူစာအုပ်ရွေးပြီးပြန်ထွက်လာတော့စာအုပ်ဆိုင်ရဲ့ဟိုဘက်ခြမ်းမျက်စောင်းထိုးမှာရိပေါ်ကိုတွေ့လိုက်ရတယ်။သူသွားနှုတ်ဆက်မလို့ပဲရှိသေးတယ်..ကောင်မလေးတစ်ယောက်ကရိပေါ်အနောက်ကနေပါလာတယ်။ဘာမှန်းမသိပေမဲ့..သူ့ရဲ့ရင်ထဲမှာနည်းနည်းနာကျင်သွားတယ်။ပြီးတော့နှစ်ယောက်စလုံးကရီမောနေသည်။ကောင်မလေးပုံစံကြည့်ရတာ..ချစ်စရာကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့..ပုံစံမျိုးလေး။ခဏအကြာတော့ရိပေါ်က..သူဖုန်းထဲကနေတစ်ခုခုကိုပြလိုက်ပြီး..နှစ်ယောက်စလုံးပျော်ရွှင်နေတဲ့ပုံပေါ်တယ်။သူရဲ့ခြေထောက်တွေကတော့..အိမ်ပြန်လမ်းကိုမှိုင်းထှိုင်းစွာပြန်လာခဲ့သည်။သူမသိလိုက်ခင်မှာပဲ..သူ့ပါးပေါ်ရုတ်တရက်မျက်ရည်ကပေါက်ကနဲ..စီးကြလာသည်။

𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎Where stories live. Discover now