Uni
ရှောင်းကျန့်ကအားလုံးလိုက်မမှီနိုင်အောင်ဖြစ်သွားတယ်။
စင်ေပါ်ကနေရှောင်းသခင်ကြီးကလည်းသူ့သားကိုစင်ပေါ်တက်လာခဲ့ဖို့ခေါ်နေတယ်။ရှောင်းကျန့်ကတော့အတွေးကမ္ဘာထဲကနေမထွက်နိုင်သေးဘူး။
နောက်ဆုံးဘေးကနေရီဖုန်းနဲ့မေဟွားကစင်ပေါ်တက်ဖို့သူ့ကိုသတိပေးတော့မှသူ့မှာအယောင်ယောင်အမှားမှားနဲ့စင်ပေါ်ရောက်သွားတယ်။
သူကရောက်သွားပေမဲ့သူ့ပါးဘေးနားမှာပဲရပ်နေမိတယ်။ရိပေါ်ကိုကြည့်လိုက်တော့လည်းသူ့အတိုင်းအေးဆေးဝမ်သခင်ကြီးဘေးနားမှာရပ်လို့။ရှေ့ကလူကြီးနှစ်ယောက်ကတော့အစီအစဉ်ရဒီနေ့ပွဲဟာဝမ်အိမ်တော်ကသခင်လေးဝမ်ရိပေါ်နဲ့ရှောင်းအိမ်တော်ကသခင်လေးရှောင်းကျန့်တို့ရဲ့စေ့စပ်ပွဲဖြစ်ကြောင်းကိုကြေညာလိုက်တယ်။
********************
ပွဲကနေပြန်ရောက်တာနဲ့ရှောင်းကျန့်ကအဝတ်အစားတောင်မလဲနိုင်ပဲသူ့ပါးရဲ့စာကြည့်ခန်းထဲအရင်ဝင်သွားတယ်။ပါးကလည်းသူလာမှာသိလို့စာကြည့်ခန်းမှာကြိုပြီးစောင့်နေဟန်..."ပါး..ဒီနေ့အစီအစဉ်တွေကဘာတွေလည်းကျွန်တော်လည်းမသိရပါလား"
"အင်း..အားကျန့်ကိုပါးအစတုန်းကပြောမလို့ပဲဒါပေမဲ့ပွဲအတွက်projectတွေနဲ့အလုပ်ရှုပ်နေတာနဲ့ပါးသာဒီကိစ္စပြောလိုက်ရင်ပိုပြီးစိတ်ရှုပ်သွားမှာစိုးလို့ပြီးတော့လက်ထပ်ရမဲ့လူကလည်းတစ်ခြားလူမဟုတ်ဘူးလေသားသူငယ်ချင်းပဲဟာ"
"ဒါပေမဲ့...ပါးကကာယံကံရှင်ကျွန်တော့်ကိုအရင်ပြောပြသင့်တယ်မလားတစ်ဖက်လူကလည်းလက်ခံမခံမေးကြည့်ရအုံးမယ်လေ"
"ဟုတ်တယ်..ပါးပြောပြသင့်ခဲ့တာပါဒါပေမဲ့ဒီကိစ္စကိုတော့သားသူငယ်ချင်းဝမ်လေးကသိတယ်သူကလက်ခံလို့ပါးတို့ဆက်ပြီးဒီလိုလုပ်တာဝမ်လေးကသားကိုတောင်အသိပေးဖို့လုပ်ပေမဲ့ပါးကိုယ်တိုင်မပြောခိုင်းတာ"
"ပါး..ကျွန်တော်..."
"လက်မခံလို့မရဘူးအားကျန့်..သားကောင်းဖို့ပါးကစီစဉ်တာသားကိုအမြဲတမ်းလွပ်လပ်ပြီးသားသဘောနေခိုင်းထားတာတွေအတွက်ပါးရဲ့ဒီဆန္ဒကိုလိုက်
လျောဖို့အကြံပြုချင်တယ်"

YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Romanceဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။