Chapter_16

143 5 0
                                    

Uni

"ယွီရှင်း..ဘယ်သွားမလို့လဲ"အရင်ထက်ပိုပြင်ဆင်ထားပြီးအပြင်ထွက်ဖို့လုပ်နေတဲ့..သားဖြစ်သူကြောင့်ယွီရှင်းမားကလှမ်းမေးသည်။

"အပြင်သွားမလို့လေ..မား"

"ဒီနေ့မသွားနဲ့တော့ မားရဲ့သူငယ်ချင်းတစ်ယောက်အိမ်ကိုမင်းလိုက်ခဲ့ရမယ်"

"မားဒီနေ့‌ေတာ့ကျွန်တော်လိုက်လို့မရဘူး..နောက်ရက်ဆိုရင်ရော"

"မရဘူးသား မားဒီနေ့သားကိုခေါ်လာမယ်လို့..ပြောပြီးသားပြီးတော့..ဟိုဘက်ကမင်းကိုပါခေါ်ပြီးဖိတ်ထားတာ..သားမလိုက်ရင်မားတို့မျက်နှာပူစရာဖြစ်လိုက်မယ်"

ယွီရှင်းကမားကို..မလွန်ဆန်နိုင်တာကြောင့်ရှောင်းကိုဖုန်းဆက်ပြီးဒီနေ့မdateဖြစ်တော့ဘူးလို့ပဲပြောရတော့မယ်။ဒီအချိန်လောက်ဆိုရှောင်းကတစ်ယောက်တည်း..
သူ့ကိုစောင့်နေလောက်ပြီ။

📱"‌ဝေ..ယွီရှင်းပြော‌လေ"📱

📱"ရှောင်းငါမလာနိုင်လောက်တော့ဘူး..မားကငါနဲ့အပြင်သွားစရာရှိလိုတဲ့"📱

📱"အင်း..ရတယ်လေအန်တီကအရေးကြီးကိစ္စဖြစ်လို့နေမှာပါအဲ့ဆိုငါပြန်တော့မယ်"📱

📱"ရရဲ့လား..ငါတို့အိမ်ကdriverလွှတ်ပြီးမင်းအိမ်လိုက်ပို့ခိုင်းလိုက်မယ်လေ"📱

📱"ဟင့်အင်း..ရတယ်ပြီးမှငါ့အိမ်ကdriverကိုဖုန်းဆက်ပြီးခေါ်လိုက်မယ်"📱

📱"ဖြစ်ရဲ့လား..အဆင်မပြေရင်ငါ့ကိုပြော‌ေလ"📱

📱"အဆင်ပြေပါတယ်..ဒါဆိုငါဖုန်းချလိုက်တော့မယ်နော်"📱

📱"အင်း.အင်းတစ်ခုခုဖြစ်ရင်ငါ့ကိုဖုန်းလှမ်းဆက်"📱

📱"အင်းပါ..ဒါပဲနော်"📱

ရှောင်းဘက်ကအဆင်ပြေပေမယ့်သူ..ရှောင်းကိုစိတ်ပူမိတယ်။ရည်းစားဖြစ်ပြီးပထမဆုံးdateကိုသူ့ဘက်ကအရင်စဖြတ်တာမလို့သူရှောင်းကိုအားနာမိတယ်။

*********************
ယွီရှင်းနဲ့မdateဖြစ်တော့ဘူးဆိုတော့..သူအိမ်ပြန်ဖို့ပဲရှိတော့တယ်။သူတို့နှစ်ယောက်စလုံးကdateကိုအိမ်ကနေကားနဲ့..သွားတာမဟုတ်ပဲbusကားနဲ့စီးပြီးသွားဖို့ဆုံးဖြတ်ခဲ့တာ။လမ်းမတူ‌ေတာ့busကားမှတ်တိုင်ကြမှနှစ်‌ေယာက်အတူစုံပြီးအတူသွားဖို့စီစဥ်ထားတာ။အခုယွီရှင်းမလာတော့အိမ်ကိုလည်းဖုန်းဆက်မခေါ်ချင်တာကြောင့်..တစ်ယောက်ထဲလမ်းလျှောက်ပြီးအိမ်ပြန်ဖို့လုပ်သည်။

𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎Where stories live. Discover now