Chapter_23

147 7 2
                                    

Uni

အစည်းအဝေးရှိတဲ့နေ့ရောက်တော့သူတို့ဘက်ကလည်းအပြီးသတ်ထားတဲ့desginတွေကိုတင်ပြပြီးရိပေါ်တို့ဘက်ကလည်းအဆောက်အဦးနဲ့ပတ်သတ်တာတွေကိုရှင်းလင်းတင်ပြတယ်။

"ရှောင်းကျန့်မနက်စာစားပြီးပြီလား"

အစည်းအဝေးပြီးလို့အစည်းအ‌ဝေးအခန်းထဲကထွက်ထွက်ချင်းဘေးကနေရိပေါ်ကပြောလာသည်။

"ဟင့်အင်း..မစားရသေးဘူးmeetingရှိတယ်ဆိုတော့နောက်မကျအောင်ထွက်လာတာမစားခဲ့ရဘူး"

"ဟုတ်လား..အဲ့ဆိုကိုယ်နဲ့အတူတူဆိုင်တစ်ဆိုင်မှာမနက်စာသွားစားရအောင်လေ"

"အင်း...ကောင်းသားပဲ"

ရိပေါ်ကအခုနောက်ပိုင်းသူ့ကိုယ်သူ"ငါ"ဆိုတဲ့အသုံးအနှုန်းထက်"ကိုယ်"ဆိုတဲ့စကားလုံးကိုပိုသုံးလာတယ်။ဒါကလည်းသူ့တစ်ယောက်ထဲကိုပဲဒီစကားလုံးအသုံးအနှုန်းသုံးတာ။

သူအလုပ်တွေလက်စသတ်ပြီးလို့အိမ်ပြန်ရောက်တော့ပါးကသူ့ကိုထမင်းစားဖို့ခေါ်တယ်။

"အားကျန့်...ပြန်ရောက်ပြီလားအဲ့ဆိုထမင်းလာစားလေ"

"ကျွန်တော်အပြင်ကစားပြီးပြီ..ပါး"

"ဟုတ်လား....ပြီးတော့အားကျန့်ခဏနေပါးစာကြည့်ခန်းကိုခဏလာခဲ့ပါအုံး"

"ဟုတ်..ပါး"

သူလည်းအပေါ်တက်လို့ရေချိုးပြီးတာနဲ့ပါးရဲ့စာကြည့်ခန်းဆီသွားလိုက်တယ်။

မဝင်ခင်တံခါးခေါက်လိုက်တော့ပါးကသူလာမှန်းသိဟန်တူဝင်ခဲ့ဆိုပြီးပြောလာတယ်။သူအခန်းထဲဝင်ပြီးတာနဲ့ပါးထိုင်‌နေတဲ့အရှေ့ခုံမှာဝင်ထိုင်လိုက်သည်။

"အင်း..အားကျန့်နဲ့Companyတစ်ခုထဲမှာဆိုပေမယ့်သားကလည်းprojectအတွက်လုပ်နေရတာဆိုတော့ပါးကအခုမှပဲပြောဖြစ်တာ"

"ဟုတ်"

"ဒီprojectကိုပါးတို့လူကြီးတွေသေချာစစ်ဆေးပြီးသွားပြီအကုန်လုံးပြောစရာမရှိအောင်ပြည့်စုံတယ်"

ပါးဆီကချီးကျူးစကားကြားရတော့သူပြုံးလိုက်တယ်။ဒီprojectကိုအောင်မြင်ဖို့သူနဲ့ရိပေါ်ကတကယ်အပင်ပန်းခံပြီးကြိုးစားထားရတာ။

𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎Where stories live. Discover now