Chapter_17

145 5 0
                                    

Uni

"sorry‌ေရှာင်းကျန့်..ငါ.ငါသတိလက်လွတ်ဖြစ်သွားလို့"

"အာ..ရတယ်ဘာမှမဖြစ်ဘူးငါလည်းမင်းလိုပဲခဏသတိလွတ်သွားလို့"

နှုတ်ခမ်းနှစ်လွှာထိကပ်ဖို့3cmအလို..မှာပဲရိပေါ်ကရုတ်တရပ်သတိလွတ်သွားတဲ့အခြေအနေကို..ဝင်ထိန်းလိုက်တယ်။

"ငါတို့ပြန်ကြတော့မလား..ရှောင်းကျန့်"

"အင်း..ပြန်ကြတာပေါ့"

"တက်..."

"ဟမ်......"

သူ့ကိုhelmet‌ဆောင်းပေးပြီး..ဆိုင်ကယ်ပေါ်တက်ခိုင်းနေတဲ့ရိပေါ်ကြောင့်အလာတုန်းကလည်းဆိုင်ကယ်နဲ့လာတာကိုသတိရသွားသည်။အလာတုန်းကတောင်သူ့မှာရှိသမျှဘုရားအကုန်တပြီး..ရောက်လာတာအခုဒါကြီးကိုထပ်ပြီးမစီးပါရစေနဲ့လို့ဆုတောင်းလိုက်သည်။‌
ရှောင်းကျန့်ရဲ့ဆုတောင်းဟာလည်း..အလျှင်အမြန်ပြည့်ပါတယ်။

"ရိပေါ်..ငါကြောက်တယ်"

"ဘာမှမဖြစ်ဘူး..ငါ့ကိုယုံကြည်လိုက်"

ဟုတ်ပါတယ်ရိပေါ်ကသူ့ကိုဆိုင်ကယ်ပေါ်..ပွေ့မချီတာ‌ေတာင်ကံကောင်းအခုသူ့မှာဆိုင်ကယ်ပေါ်တောင်ရောက်နေပြီ။နောက်ဆုံးတော့လည်းရှောင်းကျန့်ရဲ့ဆိုင်ကယ်စီးခြင်း..ဒုက္ခကလွတ်မြောက်သွားပြီဖြစ်တယ်။

helmetကိုချွတ်ပေးပြီးရိပေါ်ကိုပေးလိုက်ရင်း..နှုတ်ဆက်စကားဆိုလိုက်သည်။

"ဒီနေ့အတွက်ကျေးဇူးပါ..ပြီးတော့အရမ်းပျော်ခဲ့ရတယ်"

ရီဖုန်းစီကနေယွီရှင်းနဲ့ရှောင်းကျန့်မဒိတ်ဖြစ်ဘူး..ဆိုတဲ့စကားကြောင့်သူ့မှာ‌ေပျာ်လွန်းလို့အိမ်ကနေချက်ချင်းထွက်ပြီး..ရှောင်းကျန့်ကိုချက်ချင်းလိုက်ရှာပြီး‌ေရှာင်းကျန့်ပျော်ဖို့အတွက်ငယ်ငယ်တုန်းကသွားဘူးတဲ့ကစားကွင်းကိုလိုက်ပို့မိတယ်။*မင်းပျော်နေရင်ရပြီ..ငါကဘာပဲပေးဆပ်ရပေးဆပ်ရအဆင်သင့်ပဲ..မင်းသာပျော်နေရင်..*

"ရပါတယ်နောက်တစ်ခါမင်းပျင်း..နေရင်ပြောလေငါမင်းကိုခေါ်ပြီး..လျှောက်သွားကြတာပေါ့"

"တကယ်နော်ရိပေါ်..မင်းကတိမင်းတည်ရမယ်"

"ဟားဟားဟား..ယောကျာ်းကတိတည်စေရမယ်ကွာ"

𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎Where stories live. Discover now