Chapter_21

168 7 5
                                    

Uni

လေယာဉ်ပေါ်ကဆင်းပြီး..ခြေချလိုက်တာနဲ့အမိမြေရဲ့အငွေ့အသက်တွေကို..ရှုရှိုက်လိုက်တယ်။

"သခင်လေးရှောင်း..သခင်ကြီးလာကြိုခိုင်းလိုက်လို့ပါ"

"အာ..ဟုတ်ပြီလေ"

ကားနောက်ခန်းပေါ်ဝင်ထိုင်ပြီးတာနဲ့..မျက်လုံးမှိတ်ပြီးသေချာအနားယူလိုက်တယ်။လေယာဉ်ပေါ်မှာလည်း..သူသိပ်ပြီးအနားမယူခဲ့ရဘူး။

သူပြန်လာတော့မယ်ဆိုတာကို..မေဟွားကိုပဲပြောထားတာ။ပြန်လာမယ့်ရက်အတိအကျကိုတော့မပြော ဖြစ်တော့သူ့ပါးတစ်ယောက်ထဲသူပြန်ရောက်မယ့်ရက်ကိုသိတယ်။

"ပြန်ရောက်ပါပြီ..ပါး"

ဧည့်ခန်းမှာအဆင်သင့်ထိုင်စောင့်နေတဲ့ပါးကို..သူဖက်ပြီးတာနဲ့အိမ်ရဲ့အခြေအနေကိုတစ်ချက်ကြည့်လိုက်တယ်။အင်း..ဘာမှလဲထွေထွေထူးထူးပြောင်းလဲတာတော့မရှိဘူး။ပြီးတော့သူနောက်လှည့်ကြည့်လိုက်တော့..မိထွေးနဲ့သူ့သမီး လူမှုရေးအရတော့သူခေါင်းငုံ့ပြီးအရိုအသေပြုလိုက်တယ်။အသိအမှတ်ပြုတယ်မပြုတယ်ကတော့..တဖက်လူရဲ့သမိုင်းပေါ့။

"အားကျန့်လည်း..ပင်ပန်းလာတယ်ဆိုတော့သွားနားတော့လေ..ပါးထမင်းစားချိန်လာခေါ်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါး..အဲ့ဆိုကျွန်တော်သွားနားလိုက်အုံးမယ်"

အခန်းထဲဝင်လိုက်တာနဲ့သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့အခန်းကြောင့်..သူကျေနပ်သွားတယ်။ပြီးတော့ကုတင်ဘေးရဲ့ခုံပေါ်မှာတင်ထားတဲ့..ကောင်လေးသုံးယောက်ပုံကြည့်ပြီးသူပြုံးလိုက်တယ်။အင်း..အဲ့တုန်းကအရမ်းပျော်ဖို့ကောင်းတာ။ပြီးတာနဲ့သူလည်းကုတင်ပေါ်လှည်းပြီး..မျက်လုံးမှိတ်အနားယူလိုက်တယ်။

"ဒေါက်" "ဒေါက်"

တံခါးဖွင့်တာနဲ့အတူအိမ်ကအကူကောင်မလေးတစ်ယောက်။

"သခင်ကြီးက..ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ"

"အင်း..ဆင်းလာခဲ့မယ်လို့ပြောပေးပါ"

သူ့စကားဆုံးတာနဲ့ကောင်မလေးကခေါင်းငြိမ့်ပြီးထွက်သွားသည်။တစ်နေကုန်အိပ်ထားတော့သူရေအရင်ချိုးပြီးမှ..ထမင်းစားဖို့သွားတယ်။

𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎Where stories live. Discover now