Uni
ရိပေါ်ကဒီတစ်ပတ်အတွင်း..မှာပဲရှောင်းကျန့်ကိုဖွင့်ပြောဖို့စဉ်းစားထားတယ်။ဘယ်လိုပဲဖြစ်ဖြစ်ရှောင်းကျန့်ကသူ့..ကိုငြင်းခဲ့ရင်တောင်သူက..လက်မလျှော့ပဲဆက်ကြိုးစားအုံးမယ်လို့..စဉ်းစားထားသည်။အနည်းဆုံးတော့သူ့စိတ်ခံစား..ချက်ကိုရှောင်းကျန့်သိသွားတာပေါ့။
"ရိပေါ်မင်းရဲ့cakeပုံစံတော်တော်..အသားကျနေပြီ"
"မနက်ဖြန်လောက်ဆိုရင်..မင်းလေ့ကျင့်တာနဲ့cakeပုံစံကတော်တော်လှလောက်တယ်"
"ကျေးဇူးတင်ပါ..ကောကျွန်တော်သူ့ကိုဒီတစ်ပတ်အတွင်းေလာက်ဖြစ်ဖြစ်ဖွင့်ပြောမလို့"
"အင်းပါရိပေါ်..မင်းဒီလောက်ကြိုးစားထားတာပဲသူလက်ခံပါစေလို့ဆုတောင်းပေးတယ်"
"ဟုတ်..ကျေးဇူး"
သူအရင်တုန်းကဂိမ်းဆော့ရင်း..သူနဲ့သိတဲ့ကျိုးဟန်စီကရှောင်းကျန့်ကိုဖွင့်ပြောမလို့ကို..ပြောပြတော့သူ့အကိုဖြစ်တဲ့ဟောက်ချန်ကcoffeeဆိုင်..ဖွင့်ထားတာကြောင့်အဲ့ဆိုင်ကromanceဆန်ပြီး..သမီးရည်းစားစုံတွဲတွေအတွက်သင့်တော်တာမလို့..သူ့အကိုဖြစ်သူဟောက်ချန်စီကိုပြောပေးတာဖြစ်တယ်။သူကရှောင်းကျန့်ကိုဖွင့်ပြောရင်..သူကိုယ်တိုင်လုပ်ထားတဲ့cakeကိုစားစေချင်တာကြောင့်ဒီရက်အတွင်းမှာ..cakeဖုတ်နည်းလာသင်နေတာဖြစ်တယ်။ရှောင်းကျန့်ကောရှေ့မှာ..နင့်ရဲ့အချစ်တွေပါတဲ့အမှတ်တရ..လုပ်ပြလိုက်ပေါ့ဆိုတဲ့သူ့ညီမဝမ်းကွဲမိန်လိအပြော..ကြောင့်လည်းပါတာပေါ့။
FlashBack Start
အဲ့နေ့ကမိန်လိက..သူစင်ကာပူပြန်တော့မှာမလို့..လိုအပ်တာတချို့ဝယ်ရင်းနဲ့ဗိုက်ဆာလာတာ..ကြောင့်driverကိုတွေ့တဲ့မုန့်ဆိုင်ကိုရပ်ခိုင်းပြီး..သူပါနေ့လယ်ကျယွီရှင်းတို့အိမ်သွားရင်ရှောင်းကျန့်စားဖို့အတွက်မုန့်တချို့ဝယ်ဖို့ဆင်းလိုက်သည်။
"ကောနင်နဲ့ရှောင်ကောကောအခြေအနေ..ဘယ်လိုလဲတိုးတက်မှုရှိရဲ့လား"ကောင်တာမှာငွေရှင်းရင်းမေးလာတဲ့မိန်လိကြောင့်ဒီတစ်လောအတွင်း..အေခြအနေကိုသူပြောပြလိုက်သည်။

YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Storie d'amoreဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။