Uni
"ဒါဆိုဒီprojectအတွက်အတူပူးပေါင်း..ပြီးကြိုးစားကြတာပေါ့"
အသက်ကြီးတဲ့လုပ်ငန်းရှင်တွေကြီးပဲရှိပြီး..ရှည်လျားတဲ့စားပွဲရဲ့ထိပ်ဆုံးမှာ..အသက်ရွယ်နဲ့မလိုက်အောင်လုပ်ငန်းတွေအားလုံးကို..ဦးစီးဆောင်ရွက်နေတဲ့လူငယ်က..ဒီနေ့အစည်းအဝေးရဲ့ပတ်သတ်တဲ့အကြောင်းတွေပြောပြီးတာ..နဲ့ထွက်သွားပြီဖြစ်တယ်။
"ဒီနေ့ရဲ့လုပ်ရမဲ့အချိန်စာရင်းတွေပြောပြ"
"ဟုတ်ကဲ့..Bossဒီနေ့နေ့လယ်မှာရှယ်ယာရှင်အသစ်တစ်ယောက်နဲ့တွေ့ဖို့ရှိပါတယ်..ဒါပြီးရင်ဟိုတစ်နေ့ကတာဝန်ယူထားတဲ့အဆောက်အဦးကို..သွားပြီးကြည့်ရပါမယ်.."
"အင်း..သိပြီ"
လူငယ်ရဲ့စကားဆုံးတာနဲ့သူ့ရဲ့အတွင်းရေးမှူးကအလိုက်တသိအရိုအသေပြုပြီး..ထွက်သွားပြီဖြစ်သည်။ရုံးခန်းထဲမှာကျန်ခဲ့တာဆိုလို့လူငယ်တစ်ယောက်တည်းသာ။
ဒီလူငယ်ကWang Companyရဲ့လက်ရှိဥက္ကဌဖြစ်တဲ့လူဖြစ်တယ်။ရှည်လျားတဲ့အရပ်၊ယောကျာ်းပီသတဲ့ခန္ဓာကိုယ်နဲ့စူးရှပြီးပြေပြစ်တဲ့..မျက်လုံးနဲ့နှုတ်ခမ်းကြောင့်အမျိုးသမီးထုကြားမှာရေပန်းစားတယ်။ပြီးတော့သူ့ရဲ့အနေအေးဆက်ပြီးတည်ငြိမ်တဲ့..ဟန်ပန်ကြောင့်..လူငယ်ကိုသမက်တော်ချင်တဲ့လူတွေကြီးပဲဖြစ်တယ်။
"မင်းကလည်းအစည်းအဝေးပြီးတာနဲ့..ပျောက်သွားတာပဲစကားလေးဘာလေးပြောရမယ်မရှိဘူး"
"ရီဖုန်း..မင်းတံခါးခေါက်ဝင်ရမယ်ဆိုတာမေ့ပြန်ပြီလား"
"Arr..sorryပါကွာမင်းကလည်းအချင်းချင်းတွေကိုစည်းကမ်းတွေနဲ့.."
ရီဖုန်းကစကားပြောရင်းရုံးခန်းထဲမှာရှိတဲ့ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။
"မြန်မြန်ပြောပြီးပြန်..လာရင်းကိစ္စ"
"ဟ..ရိပေါ်ရာမင်းကလည်းငါအခုမှရောက်တာကိုနှင်ထုတ်နေပြီ..ငါအခုပြောမှာကမင်းနဲ့ဆိုင်လို့"
ရီဖုန်းရဲ့စကားကြောင့်စာရွက်စာတမ်တွေစစ်နေတဲ့ရိပေါ်ကမျက်ခုံးတစ်ဖက်..အပေါ်တွန့်သွားလေသည်။
YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Romanceဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။