Chapter_6

209 9 0
                                    

Uni

ရှောင်းကျန့်ရဲ့နွေရာသီ..အားလပ်ရက်တွေက ယွီရှင်းဆီ
သွားလိုက်...ယွီရှင်းမအားတဲ့အချိန် ရီဖုန်းနဲ့ဂိမ်းဆိုင်သွားလိုက်နဲ့ဘဲ အချိန်ကုန်နေသည်။ရီဖုန်းကသူနဲ့..နောက်မှသိပေမဲ့ သူ့လိုပဲလွပ်လပ်ပြီးပျော်ပျော်နေတတ်တဲ့...အကျင့်ရှိတယ်။ယွီရှင်းနဲ့ရိပေါ်က သူရဲ့ငယ်သူငယ်ချင်းဆိုပေမဲ့..ယွီရှင်းကစာဖတ်ရတာဝါသနာပါတယ်၊ရိပေါ်ကြတော့သည်းထိတ်ရင်ဖိုဖြစ်တဲ့...ဆိုင်ကယ်မောင်းပြိုင်ရတာတို့ကို ဝါသနာပါသည်။သူတို့နှစ်ယောက်ရဲ့..အကျင့်နဲ့သူနဲ့ကဆန့်ကျက်ဘက် ဖြစ်တဲ့အတွက်ကြောင့်...သူနဲ့အကျင့်တူတဲ့ရီဖုန်းနဲ့သူငယ်ချင်းလုပ်ရတာ..အတော်တော့ပျော်စရာကောင်းတယ်။အဲ့လိုနဲ့သူတို့ရဲ့..နွေရာသီကထွေထွေထူးထူး မရှိပဲကုန်ဆုံးသွားတော့သည်။

📱"ရှောင်းမနေ့ကရိပေါ်ပြန်ရောက်တယ်"📱

📱"ဟမ်..သူပြန်ရောက်တာငါ့ကိုလည်းဖုန်းမဆက်ဘူး"📱

📱"အင်းသူလည်းခရီးက..ပြန်‌‌ေရာက်‌ေတာ့ပင်ပန်းလာလို့နေမှာပါ"📱

📱"အင်းပါ..ဒါပဲနော်ယွီရှင်း"📱

*သူပြန်ရောက်လာတာကို..ဖုန်းတောင်မဆက်ဘူး၊စိမ်းကားသွားတာလား..အာမဟုတ်လောက်ပါဘူးသူနဲ့သူငယ်ချင်းဖြစ်တာကြာပြီပဲ..ယွီရှင်းပြောသလိုပင်ပန်းလို့နေမှာ*

အမှန်တော့ရိပေါ်မှာပြန်ရောက်တော့..ရှောင်းကျန့်ရဲ့အိမ်ကိုသွားချင်ပေမဲ့ အဒေါ်တို့မိသားစုကသူနဲ့အတူလိုက်လာတဲ့အတွက်ကြောင့် မားမားကမိသားစုဆုံတုန်းလေးဆိုပြီး..အိမ်မှာနေခိုင်းတဲ့အတွက်ကြောင့်သူ့မှာ ရှောင်းကျန့်အိမ်ကိုသွားမရခြင်းဖြစ်သည်။ဖုန်းဆက်ပြီးမှအပြင်မှာချော့မှရမယ်ထင်သည် ဒီအချိန်လောက်ဆိုရှောင်းကျန့်ကသူပြန်ရောက်တာလဲသိပြီး..သူ့ကိုလာမတွေ့၊ဖုန်းမဆက်တဲ့အတွက်ကြောင့် ‌အဆိုးလေးကကောက်နေလောက်ပြီ..အဲ့ဒါကြောင့်မို့သူအဆိုးလေးကိုလူချင်းတွေ့ပြီးချော့ဖို့ ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ဖုန်းဆက်လဲသူပြောတာနားမထောင်ပဲ..ဖုန်းချပြစ်မှာလို့သူသိသည်။

ရိပေါ်ထင်သလိုပဲ..ရှောင်းကျန့်ရိပေါ်ကိုစိတ်ကောက်နေပြီဖြစ်သည်။မနက်ဖြန်ကျောင်းပြန်ဖွင့်တော့မှာဖြစ်ပြီး
အခုချိန်ထိသူ့ကိုဖုန်းတောင်မဆက်ဘူး..ဒီကြားထဲယွီရှင်းကသူ့ကိုအကျိုးအကြောင်း လာပြောထားပေမဲ့သူ့ကိုဖုန်းတစ်ချက်တောင်မဆက်တဲ့အတွက်‌ေကြာင့်..သူတော်တော်စိတ်ဆိုးသည်။
_________________________________________

𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎Where stories live. Discover now