Uni
ရိပေါ်ကသူ့ကိုအခန်းထဲ..မ၀င်သေးခင်မှာပဲရုတ်တရက် သူ့လက်ကိုဆွဲပြီးခေါ် သွားတာကြောင့်သူ့မှာကြောင်သွားသည်။စကားပြောချိန်တောင်..မရဘဲသူ့ကိုကျောင်းခေါင်မိုးထက် ခေါ်လာခဲ့သည်။
"အ..ရိ.ရိပေါ်လက်လွှတ်ပေးအုံး"ရိပေါ်ကဘာဖြစ်လို့လဲဆိုတဲ့အကြည့်နဲ့ကြည့်လာတာကြောင့်..
"ငါ့လက်နာနေပြီ"အဲ့ကြမှသူ့ကိုလွှတ်ပေးတော့သည်။
သူရှောင်းကျန့်ကို..ခေါ်လာတုန်းကတော့ဖြည်းဖြည်းလေးဆိုပေမဲ့ အနောက်ကရှောင်းကျန့်စီက..ယွီရှင်းတစ်ယောက်ထဲကျန်ခဲ့ပြီဆိုတဲ့ စကားကြောင့်သူဒေါသထွက်လာရသည်။သူမရှိတုန်းယွီရှင်းနဲ့..ရှောင်းကျန့်ကသူငယ်ချင်းအဆင့်ထက်..ပိုရင်းနှီးသွားမှာကိုကြောက်
သည်။သူတစ်ေယာက်ထဲေရှာင်းကျန့်..ကိုပိုင်ဆိုင်ရမှာ။သူစဉ်းစားနေတုန်းမှာပဲ ရှောင်းကျန့်ဆီကလက်နာနေလို့လွှတ်ပေးဖို့ေပြာသည်မို့ ..လွှတ်ပေးလိုက်ပြီး
လက်ကောက်၀တ်ကို..ကြည့်တဲ့အခါမှာတကယ်လည်းနီရဲနေပြီဖြစ်တယ် အဲ့ကြတော့လည်းသူမှာစိတ်မကောင်းဖြစ်ရသည်။"ရှောင်းကျန့်..မင်းငါ့ကိုစိတ်ဆိုးနေတာမလား"ရိပေါ်ရဲ့စကားလည်းကြားရောရှောင်းကျန့်မှာစောနက..မျက်နှာနဲ့တခြားစီဆူပုတ်သွားသည်။
"ဟုတ်ပါတယ်..မင်းငါ့ကိုစိတ်ဆိုးသင့်ပါတယ်"
"........"
"ငါလည်းမင်းဆီကို..ငါပြန်ရောက်ရောက်ခြင်းလာမလို့ပဲ..ဒါပေမဲ့အိမ်မှာငါနဲ့အတူအဒေါ်တို့မိသားစုပါပါလာလို့..သူတို့ကိုထားခဲ့ပြီးအပြင်ထွက်တော့..ဘယ်ကောင်းမလဲ"
ရိပေါ်ရဲ့ဖြေရှင်းချက်ကို နားထောင်ပြီးေပမဲ့နည်းနည်းစိတ်ကောက်ချင်သေးတာမလို့..
"အဲ့ဆို..ဖုန်းဆက်လို့ရတယ်လေ"
"ငါဖုန်းဆက်လည်း..မင်းအဲ့အချိန်စိတ်ကောက်ပြီးဖုန်းချပြစ်မယ်မလား"ရိပေါ်ပြောတာလည်း ဟုတ်တာမလို့သူရိပေါ်ကိုစိတ်မဆိုးတော့ပေ။
"အင်းပါ..ငါလည်းမင်းရဲ့အခက်အခဲမသိပဲ..စိတ်ဆိုးမိလိုက်လို့တောင်းပန်ပါတယ်"
YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Romanceဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။