Chapter_9

201 10 1
                                    

Uni

"အား...!"

"မင်းတို့တွေပေါင်းပြီး..ဒါငါ့ကို တမင်ညစ်တာ"

ပြဲလန်အောင်အော်တာ တာကတော့အမောင်ရှောင်းကျန့်ပဲဖြစ်တယ်။ဒီနေ့က..ကျောင်းပိတ်ရက်မလို့ ထုံးစံအတိုင်းဂိမ်းစုဆော့ကြသည်။ဒါပေမဲ့ ..အရင်လိုဂိမ်းဆိုင်မှာမဟုတ်ဘဲ..စူးမေဟွားလဲပါတာကြောင့်ရီဖုန်းရဲ့အိမ်မှာစုဆော့ကြသည်။ရီဖုန်းရဲ့မိဘတွေကနယ်ဘက်ကို..စီးပွားရေးပြသာနာပေါ်လာတာ‌ေကြာင့်အိမ်မှာမရှိ။အဲ့ဒါကြောင့် သူ့အိမ်မှာဆော့ရခြင်းဖြစ်သည်။

"ဒါပေမဲ့အခု..နင်ရှုံးသွားပြီလေ"

"ဟုတ်တယ်..အဲ့ကြောင့်မလို့ငါတို့ခိုင်းတာလုပ်ရမယ်"

သူ့ရှေ့ကအတိုင်ဖောက်ညီနေတဲ့..မေဟွားနဲ့ရီဖုန်းကိုကြည့်ပြီးထုချင်..စိတ်များကိုသည်းခံထားရသည်။သူတို့ကဂိမ်းရှုံးတဲ့လူက..သူတို့ခိုင်းတာလုပ်ရမယ်လို့လောင်းထားခြင်းဖြစ်တယ်။နောက်ဆုံးတော့ဂိမ်းဆော့ညံ့တဲ့..ရှောင်းကျန့်ကဘဲရှုံးသွားခြင်းဖြစ်သည်။မေဟွားကလဲ..မိန်းကလေးပေမဲ့ဂိမ်းမှာလျှော့တွက်လို့မရပေ။

"ပြော..ဘာလုပ်ရမှာလဲ"

"အများကြီး..မခိုင်းပါဘူးလမ်းထိပ်မှာမုန့်သွားဝယ်ခိုင်းရုံတင်ဘဲ"

"ပြီးရော..ဒါပဲမလား"

"အင်းဒါပဲ"

"ရှောင်း..နေအုံးလမ်းထိပ်မှာငါ..လာတုန်းကခွေးတွေခဲ့တယ်"

"ဟမ်..ဟုတ်လားအဲ့ဆိုငါတစ်ယောက်ထဲ..မသွားရဲဘူး"

ရှောင်းကျန့်က..ငယ်ငယ်ထဲကခွေးကြောက်တတ်သည်။ငယ်ငယ်တုန်းက..ရိပေါ်အိမ်မှာသွားဆော့တုန်းက..သူတို့အိမ်မှာမွေးထားတဲ့ခွေးက..ရှောင်းကျန့်ကိုဟောင်ပြီးလိုက်ဆွဲထဲက..ခွေးကြောက်သွားတာ။အဲ့နေ့ကစပြီး..ရိပေါ်ဟာလည်း..ဘယ်ခွေးမှမမွေးတော့ချေ။

"အဲ့ဒါဆို..တစ်ယောက်လောက်လိုက်ခဲ့ပါလား"

"ငါလိုက်ခဲ့မယ်..ရှောင်း"

"ငါလည်း လိုက်ခဲ့မယ်"

"ဝမ်ရိပေါ်..မင်းကနေခဲ့လေဟိုမှာယွီရှင်းလိုက်နေပြီပဲ"

𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎Where stories live. Discover now