Uni
"အာ..ကျွန်တော်စာအုပ်ဆိုင်မသွားတော့ဘူးကျောင်းကိုဘဲပြန်..လှည့်မောင်းပေးပါ"
"ဟုတ်ကဲ့..သခင်လေး"
သူအစကစာအုပ်ဆိုင်သွားပြီးမှ ကျောင်းကိုပြန်သွားမလို့လုပ်ပေမဲ့ စာအုပ်ဆိုင်ဝင်နေရင်အချိန်ကြာသွားမှမလို့..စာအုပ်ဆိုင်ကိုနောက်နေ့မှဝင်ဖို့ပဲဆုံးဖြတ်လိုက်သည်။သူကျောင်းရောက်သွားတော့..ရှောင်းကရိပေါ်နောက်ကိုပြုံးပြီးပြေးလိုက်နေသည်။မင်းရဲ့အပြုံးတွေကလှလိုက်တာရှောင်းရယ်...။ဒါပေမဲ့သူရိပေါ်နဲ့ရှောင်းစီသွားနေတုန်းသူ့ရဲ့ခြေလှမ်းတွေ..ရပ်တန့်သွားတယ်။သူမမျှော်လင့်ထားတဲ့ဖြစ်ရပ်ကို မြင်လိုက်ရလို့နှလုံးသားကလည်းဆစ်ကနဲ..နာကျင်သွားသည်။သူ့အရှေ့ကအလှမ်းအနည်းဝေးတဲ့..နေရာမှာရိပေါ်နဲ့ရှောင်းကနှုတ်ခမ်းချင်း..ထပ်မိလျက်သားဖြစ်နေတယ်။သူဒီမြင်ကွင်းကိုဆက်ပြီးကြည့်..ဖို့မဝင့်တဲ့အတွက်ကြောင့်လှည့်ပြန်ခဲ့သည်။ကျန်ခဲ့တဲ့နှစ်ယောက်ကတော့သူကိုမမြင်လိုက်ဘူး။ကားပေါ်မှာသူအထပ်ထပ်အခါခါစဉ်းစားမိနေတာက..မနက်ကရိပေါ်ကရှောင်းအပေါ်ဂရုစိုက်နေတဲ့ပုံရိပ်တွေ၊ရှောင်းရဲ့ရှက်နေတဲ့ပုံရိပ်တွေ...
*ငါထင်နေသလိုဖြစ်နေမယ်ဆိုရင်တောင်မှ..မင်းရဲ့အချစ်ကိုရဖို့ဆက်ကြိုးစားနေအုံးမှာ..*
"ရိပေါ်..ငါ့အပေါ်ကထ..ထအုံးလေ"
"အော်...အင်း.အင်း"
*WTF!ရှောင်းကျန့်မင်းအခု..ရိပေါ်ကိုရင်တွေခုန်နေတာလား*
"အဟမ်း..sor..sorry"
"ရပါတယ်..မတော်..မတော်တဆပဲငါပြန်တော့မယ်"
"ငါလိုက်ပို့ပေးမယ်လေ"
"ရတယ်..အိမ်ကလာကြိုခိုင်းဖို့ပြောထားတယ်စောင့်နေလောက်ပြီ"
"အင်း..ကောင်းကောင်းသွားရှောင်းကျန့်"
"အင်း..သွားပြီ"ကျန်နေခဲ့တဲ့ရိပေါ်ကတော့..
အား!..ဝမ်ရိပေါ်မင်းဘယ်လိုတောင်လုပ်လိုက်တာလဲ..အဆိုးလေးစိတ်ဆိုးသွားရင်သေပြီ။ဒါပေမဲ့..အဆိုးလေးရဲ့နှုတ်ခမ်းလေးက..စတော်ဘယ်ရီလိုပဲအိကျိအိကျိနဲ့..တရားဝင်ရည်းစားဖြစ်လို့ကတော့..တနေကုန်ထိုင်နမ်းပြစ်မယ်။
YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Storie d'amoreဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။