Uni
"ဟက်..အဲ့တော့ဘာဖြစ်လဲ"
"မင်း!...."
ခွပ်!
ယွီရှင်းကရိပေါ်ကိုအရှိန်နဲ့ထိုးလိုက်တာကြောင့်..ရိပေါ်ကနောက်ကိုယိုင်သွားသည်။ထို့နောက်ရိပေါ်ကလည်းယွီရှင်းကိုပြန်ထိုးသည်။
ခွပ်!..ခွပ်!!
ခွပ်!!...
"ရိပေါ်ရပ်တော့!..ယွီရှင်းတော်တော့!!."
"ရှောင်း..!"
"ရှောင်းကျန့်!..."
ရိပေါ်ကယွီရှင်းကိုအပေါ်စီးကနေထိုးနေပြီး..ယွီရှင်းကလည်းရိပေါ်ကိုပြန်အလဲထိုးဖို့လုပ်နေချိန်မှာပဲ..ကျောင်းခေါင်မိုးတံခါး..ပေါက်ကနေရှောင်းကျန့်ရဲ့အော်သံကြောင့်နှစ်ယောက်စလုံး..လှုပ်ရှားမှုတွေရပ်သွားသည်။
ရှောင်းကျန့်ကမထင်မှတ်ထားတာကိုတွေ့လို့အံ့ဩနေတဲ့နှစ်ယောက်စီကိုလျှောက်သွားလိုက်သည်။
"မင်းတို့နှစ်ယောက်.ဘယ်လိုဖြစ်ကြတာလဲ!"
"........."
"........."
"ဟမ်!..ငါ့ကိုရှင်းပြပါအုံးဘယ်လိုဖြစ်လို့ရန်ဖြစ်ရတာလဲ!"
နောက်တော့ယွီရှင်းကသူ့ရှေ့ကို..ဓာတ်ပုံတချို့ချပြသည်။
"ဒါ..ဒါက.."
ဒီပုံတွေကအရင်တစ်ပတ်ကရိပေါ်နဲ့သူ..ကစားကွင်းသွားတုန်းကပုံတွေဖြစ်တယ်။တချို့ပုံကရိပေါ်ကသူ့ကိုအနောက်ကနေ..တင်းကြပ်စွာဖက်ထားတဲ့ပုံဖြစ်ပြီး၊နောက်တစ်ပုံကသူ့ကိုထိတ်လန့်သွားစေသည်။
ရိပေါ်ကသူ့ကိုနမ်းနေသလိုမျိုးဖြစ်တယ်၊ဒါတကယ်မဟုတ်ဘူးဆိုတာသူရောရိပေါ်ရောနှစ်ယောက်စလုံးကိုယ်တိုင်အသိပဲ။ကင်မရာရှုထောင့်အရ..နမ်းနေသလိုဖြစ်နေပေမဲ့၊သူ့တို့အဲ့တုန်းကတကယ်မနမ်းခဲ့ဘူး။
"ဒါတွေက..အမှန်ပဲလားရှောင်း!"
"ဒါ..ဟင့်အင်း..ဒါတွေကအမှန်မဟုတ်ဘူး။
ဒါကတမင်သတ်သတ်လုပ်ကြံဖန်တီးထားတာ..ရိပေါ်မင်းသိတယ်လေ""အင်း..ဒါတွေကတကယ်မဟုတ်ဘူး၊ဒါပေမဲ့..မင်းကိုငါနမ်းမိတော့မလို့ဖြစ်တာတော့အမှန်ပဲ..ရှောင်းကျန့်"

YOU ARE READING
𝐿𝑜𝑣𝑒 𝑇ℎ𝑒𝑜𝑟𝑦♡︎
Romanceဒီဇာတ်လမ်းကတော့ရိုးရှင်းပါတယ်"ကောင်လေးသုံးယောက်ကြားကအချစ်"ပုံပြင်လေးတစ်ပုဒ်ပါ။ ပထမဆုံးရေးခြင်းပါလိုအပ်ချက်နဲ့အမှားပါရင်ခွင့်လွှတ်ပါ။