intro

1.3K 57 12
                                    

Zawgyi

Bad Boy & Ma Ma's Boy 🦊🐰

သန်းခေါင်ယံအချိန်ကြီးမားလှသော အိမ်တော်ကြီးထဲသို့ ခြေသံဖွဖွနဲ့ ဝင်ရောက်လာသူတဦး
Bright အိမ်တံခါးမကြီးကို အသာလေးပြန်ပိတ်ကာ ခြေသံဖွဖွဖြင့် သူ့အခန်းရှိရာ အပေါ်ထပ်သို့ တက်ရန် ပြင်နေစဉ်
"ချလောက်"
အိမ်တအိမ်လုံးမီးရောက်များထိန်လင်းလာငည်။
"ချီးပဲ " Bright စိတ်ထဲက ကျိန်ဆဲလိုက်ပီး
ဧည့်ခန်းထဲတွင်ထိုင်နေသော Daddy နဲ့ Mommy
"Bright Wachirawat မင်း အခု ဘယ်အချိန်ရှိနေပီလဲ"
Bright ဝတ်ထားတဲ့ ဂျာကင်ကိုချွတ်ပီး.
"Daddy ရာ အချိန်သိချင်တာများ နာရီကြည့်လေ သားကိုစောင့်နေရလား Daddy တို့ အိပ်ရေးပျက်တာပေါ့ "
"မင်းကွာငါလုပ်လိုက်ရင်သေတော့မယ်"
ဟုတ်တယ်လေ အချိန်သိချင် နာရီ ကြည့်ပါ့လား သူ့ကို စောင့်နေတော့ အိပ်ရေးပျက်တာပေါ့
"ဖေကြီး ရေ စိတ် လျော့ပါရှင် သားကလည်း ဘယ်အချိန်ရှိနေပီလဲ "
"Mommy ရာ 12 နာရီကို ငါးမိနစ်လေးစွန်းသေးတာပါ"
Bright အမေဖြစ်သူရင်ခွင်ထဲတိုးဝင်ကာ ချွဲနေသည်။
"သားနော် Uni တက်ရပီဆိုပီး အကျင့်တွေမပျက်နဲ့....အခုမှသားက ပထမနှစ်ရှိသေးတာ"

"Mommy ကလည်း သားအသက် 18နှစ်ပြည့်ပီးပါပီ ပီးတော့ Dew တို့နဲ့ စကားကောင်းနေလို့ပါ".
"မင်းကျောင်းမှာလည်း သူတို့နဲ့ တွေ့နေရတာကို ပြောစရာတွေက မကုန်သေးဘူးလား".
"Daddy ကလည်း"
"နှစ်ယောက် စလုံးတော်ပီ ဖေကြီးလည်းတော်တော့ သားလည်းတော်တော့ "
Mary တယောက် သားအဖ နှစ်ယောက် စကားတွေများမယ့်အရေးကြိုမြင်နေတာမို့သူဝင်ပါလိုက်ရသည်။
"သား မနက်လည်း ကျောင်း သွားရဦးမှာလေ အိပ်ချေတော့ နောက်နေ့တွေ နောက်မကျစေနဲ့နော်"
"ဟုတ် Mommy ".
Bright Khun Mary ရဲ့ပါးလေးကို နမ်းကာ အပေါ်ထပ်သို့တက်သွားသည်။

Bright အခန်းထဲရောက်တော့ မွေ့ယာပေါ်လှဲကာ အိပ်စက်ခြင်းဆီသို့ ။
~~~~~~~~~~~~~~~~~~~~~~~
"သား မနက်ဖြန် အတွက် စိတ်လှုပ်ရှားနေပီလား"
Win စာကြည့်စားပွဲ တွင်ထိုင်နေစဉ် အခန်းထဲဝင်လာသော မားဖြစ်သူကြောင့်
"နည်းနည်းပါ မားရဲ့ Win စိတ်ပူတာက ကျောင်း ကိစ္စ ပါ ဒါတောင် Tu ရှိနေလို့ သူကူညီပေးလို့"
"သား ဒီညတော့ အိပ်ပျော်အောင်အိပ်နော် မနက်ကျမှ အိပ်ရေးမဝပဲ ဖြစ်နေမယ်".
"ဟုတ်...မား Good night "
Win တို့က Bangkok ကို ပြောင်းလာတာပါ
Win အသက် 10 နှစ်လောက်တည်းက ဂျပန်ကို ပြောင်းခဲ့ပီး အခု Win. Uni တက်ခါမှ Bangkok ကို ပြန်ပြောင်းလာခြင်းပါ။
Win ပါးကတော့ Win ငယ်ငယ်တည်းက ဆုံးသွားပီး မား ကပဲ Win ကိုကျွေးမွေးစောင့်ရှောက်လာခဲ့တာ Win မားကို အရမ်းချစ်သည်။ MaMa's boy လေးဆိုလည်းမမှားဘူးပေါ့
Win မနက် ကျောင်းတက် ရမည့် အကြောင်းတွေးရင်း စိတ်လှုပ်ရှားနေသည်။
ကျောင်းက ဖွင့်တာ တလလောက်တော့ရှိပီ။
ဒါပေမဲ့ Tu ကူညီပေးလို့ အစစအရာရာ အဆင်ပြေပါသည်။ Tu နဲ့ မေဂျာမတူပေမဲ့ Win က အာရုံကြောဆိုင်ရာ မေဂျာ Tu က သွားဖက်ဆိုင်ရာမေဂျာ။Tu က Bangkok မှာ Win အခင်ရဆုံးသူငယ်ချင်း တယောက် ။
ကဲ အခုတော့ စိတ်လှုပ်ရှားနေတာတွေ ဖျောက်ပီး အိပ်ရဦးမည် မဟုတ်လား။

Bad Boy & MaMa's Boy (Zg+Uni)Where stories live. Discover now