Zawgyi
"သား Win မနေ့ကဘယ်သူအိမ်ပြန်လိုက်ပို့တာလဲ"
Win တို့မနက်စာစားနေရင်း မား ထံမှ မေးလာခြင်း ။Win စားလက်စ ဇွန်းလေးကိုအောက်ချပီး
"ဟို..သူငယ်ချင်းပါ မား"
"မား မနေ့က Tu ကို Market တခုမှာ ကောင်လေးတယောက် နဲ့တွေ့လိုက်လို့.."
"ဟုတ်တယ် မား အဲတာ သူ့ ကောင်လေးလေ"
"မား သားရော ကောင်မလေးရနေပီလား"
Win မား ဖြစ်သူရဲ့ ကောင်မလေးရနေပီလား ဆိုတဲ့ စကားကြောင့် မလုံမလဲ ဘေးကိုကြည့်တော့ သူ့ကို ကြည့်နေတဲ့ ကြီးမေ မျက်လုံးတွေနဲ့တိုးလေသည်။
"မရှိပါဘူး မားရဲ့ Win က မားကလွဲပီး ဘယ်မိန်းကလေးမှ မချစ်ပါဘူးနော်"
"အလည်လေး "
Wary တယောက် ထမင်း ဝိုင်းမှာငြိမ်နေတဲ့ အမဖြစ်သူကို
"မမ နေမကောင်းဘူးလား ငြိမ်နေလို့"
"ကောင်း ပါတယ်"
"အင်းပါ.. ဒါဆို မားသားလေး မား Company သွားပီနော် မွ"
Win ပါးလေးကိုမွှေးကာ ထမင်းစားပွဲမှ ထသွားလေသည်။
"ကြီးမေ Win လည်းစားလို့ဝပီ..အခန်းထဲသွားတော့မယ်"Win တို့်စာမေးပွဲ ဖြေရတော့မှာမို့ ကျောင်းသွားရန် မလိုပေ။
"ဒီသားအမိ နှစ်ယောက် ကြား ဘာပြသာနာမှ မပေါ်လာပါစေနဲ့"
ဒေါ် Mary. လှေကားပေါ်မှ Win ကျောပြင်ကိုကြည့်ကာ ပြောလေသည်။"သားလေး Bright ဒီနေ့ သူငယ်ချင်း တွေဆီမသွားဘူးလား"
Bright မာမီ ဖြစ်သူ ...သူ့အခန်းထဲထိလာပီး လူကို နှောင့်ယှက်နေသော သားတော်မောင် ကိုပြောနေခြင်း။
အခုလည်း အခန်းထဲ စားပွဲပေါ်ကသူ အလှပန်းအိုး လဲနေရာကိုလာပီး ထိုးမယ့် နှင်းဆီနီ တွေရဲ့ ပွင့်ဖတ်တွေကိုခြွေနေသည်။
မေးနေတာလည်း ပြန်မဖြေ။
ငါမို့လိုနော် ဒီနေရာမှာ မင်း ဒယ်ဒီသာဆို မလွယ်ဘူး ။
"သား မုန့်ဖိုးကုန်လို့လား"
ဒါလည်းပြန်မဖြေ။ငါနော် ဒေါသထွက်လာပီ။ သားလေးတယောက်မွေးထားပါတယ် ဘယ်လိုကလေးစိတ်မကုန်တဲ့ဟာမှန်းမသိဘူး။ ပြောလိုက်ရင်ဖြင့် သား လူကြီးဖြစ်နေပါပီ။
လုပ်နေတာတွေက အချိုးမပြေဘူး။
"ဒီမှာ...Bright Wachirawat မင်းမာမီ ငါက လူကိုစကားပြောနေရတာလား ကျောက်ရုပ်နဲ့ပြောနေရတာလား""ဟာ...မာမီ"
တကယ်ပါ လူက အကောင်ပေါက် လေးနဲ့ မတွေ့ရလို့ သေမတတ်လွမ်းနေရတဲ့အထဲ
"လွမ်းတယ်...လွမ်းတယ် လို့"
"ဟေ့ ဘာကိုလွမ်းတာလဲ"
"မာမီ မသိပါဘူးဗျာ"
Bright ခြွေလက်စ နှင်းဆီနီ တွေကို စားပွဲပေါ် တင်ကာ အခန်းထဲမှထွက်လာခဲ့သည်။
"ဟေ့ ဟိုကလေး ဒါဘယ်လဲ "
မရဘူး။ မနေနိုင်တော့ဘူး။
Bright အခန်းထဲဝင် စားပွဲပေါ်က ကားသော့ကို ယူပီး သူ့ အလွမ်းစိုင်လေးတည်ရှိရာ ဦးတည်လျက်။.