Zawgyi
Bad Boy & MaMa's Boy 👬👬
Win တယောက် မနက်မိုးလင်းတော့ အိပ်ယာ ကထကာ ရေချိုးခန်း ဆီသို့်။
"မောနင်း.. သားလေး"
"မောနင်း..မားမား"
Win ဆွယ်တာ ပန်းရောင်စင်းလေးနဲ့ jean လေးကိုတွဲဖက်ဝတ်ကာ cross bag လေးကိုလွယ်ပီး ထမင်းစားခန်းထဲရောက်တော့ မား ရဲ့ နှုတ်ဆက်သံ ကဆီးကြိုနေသည်။
"သား.လေးထိုင်...မားက သားအကြိုက် ထမင်းကြော်လုပ်ထားတယ်"
"ဒါတွေကြောင့် မား ကိုချစ်နေရတာ"
"သာ...ကျောင်းကို မားလိုက်မပို့လို့အဆင်ပြေလား အလုပ်ကရှိနေတော့"
"ရပါတယ်..မားရဲ့ Tu လာခေါ်ပေးမှာ ခဏနေဆိုသူရောက်တော့မှာ မား သာ Win ကိုစိတ်မပူပဲ အလုပ်ကို စိတ်ဖြောင့်ဖြောင့်သွားပါ ဗျာ"
"မား ကျောင်းဆင်းရင် တော့ လာကြိုမယ်နော်"
"ဟုတ်..မား"
Win တို့က အမေတခုသားတခုမို့ မားကလည်း Win ကို အရမ်းချစ်သလို Win ကလည်း မားကိုအရမ်းချစ်သည်။ ဒီဘဝမှာ မား သာ Win ရဲ့ အချစ်ရဆုံးသူ။"တီ...တီ"
"မားရေ Tu လာပီထင်တယ် Win သွားပီနော်"
Win အိတ်လေးကိုယူကာ အိမ်ရှေ့သို့။
"အန်တီ...နေကောင်းတယ်နော် "
Tu ကားထဲကနေ Win မားကိုနှုတ်ဆက်နေသည်။
"ကောင်းပါတယ် သမီး...သမီး မိဘတွေရော နေကောင်းကြလား"
"ဖေဖေ ရော မေမေ ရော နေကောင်းပါတယ် အန်တီ"
"ကဲ...Tu ကျောင်းနောက်ကျနေတော့မယ် ငါ.့ မားနဲ့စကားပြောချင် အားတဲ့ တနေ့. မှအိမ်လာခဲ့"
"အန်တီ...Tu တို့သွားပီနော် "
"မား...Win သွားပီ"
Win တို့ကားလေး ခြံထဲကထွက်လာခဲ့သည်။
ကားပေါ်တွင် လည်း
"Win...စိတ်လှုပ်ရှားနေတာလား"
"အင်း နည်းနည်းပါ"
"ဘာမှ စိတ်မလှုပ်ရှားပါနဲ့ Tu နဲ့ မေဂျာ မတူပေမယ့် အဲ မေဂျာမှာ Tu သူငယ်ချင်း ရှိတယ် ဟုပီလား"
"အင်း" Win Tu စကားကြားမှ ပြုံးနိုင်တော့သည်။
"အဲလိုလေးပြုံးနေပါ..Win ရယ်"
"ဟုတ်ကဲ့ပါ..မမလေး".Win အဖြေကြောင့်
Win နဲ့ Tu ရယ်မိလိုက်ကြသည်၊
Win ငယ်ငယ်လေးကတည်းက တယောက် ထဲနေရတာများသည်။ Tu တောင် ဂျပန် မပြောင်းခင် သူခင်ရတဲ့ တဦးတည်းသော သူငယ်ချင်း ။ မားက Win ကို ယောကျာ်း လေးတွေနဲ့ မပေါင်းခိုင်းပေ။မား က Win ကိုပိုးမွေးသလို တယုတယ မွေးခဲ့သည်။ Win အသက် ၁၈ပြည့်တဲ့အထိ မားနဲ့ တခန်းထဲအတူအိပ်ရသည်။ အခု ထိုင်းပြန်ရောက်ကာမှ မားက သူ့အခန်းထဲသူအိပ်ကာ Win လည်း တယောက် ထဲ အိပ်ခွင့်ရခဲ့သည်။
Win မားကို သူနဲ့ ဘာလို့အတူအိပ်တာလဲမေးတိုင်း
Win ကို စိတ်ပူလို့ လို့ ဖြေသည်။ ပီးတော့ မားမှာ ဒီသားလေးတယောက်ရှိတာ ဘာမှအဖြစ်မခံနိုင်ဘူးလို့လဲပြောသည်။